(အပိုင်း6)

951 29 4
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း6)

ရန်ကုန်၏အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်...

လေယာဥ်ရောက်တာနဲ့ စတိုင်အပြည့်နဲ့အပြင်ကိုထွက်လာတဲ့ အမျိုးသားတစ်ယောက်....ရှပ်အကျီအဖြူနဲ့ကုတ်အနက် ကိုသပ်ရပ်စွာဝတ်ဆင်းပြီး စတိုင်ဘောင်းဘီအနက်နဲ့ ထွက်လာတဲ့ပုံက မြင်တဲ့မိန်းခလေးတိုင်း လည်ပြန်ငေးယူရသည်။ အရပ်က170cmရှိပြီး ရုပ်ကမိန်းမချော ချောလို့ မြင်တဲ့မိန်းကလေးတိုင်းမနာလိုစရာပင် ထို့သူက 'ဇိုး' ...(မင်းထက်ဇိုး)

သူ့ထွက်လာတာကိုမြင်တာနဲ့ ဘေးနားကမိန်းကလေးတွေက....

''ဟေး...သူမလား..ဟုတ်တယ်မလား''

''အင်း..ဟုတယ်တယ်..သူပဲ''

''ချောလိုက်တာ...ရူးတောင်ရူးချင်ဝါးတယ်...''

''ဟဲ့ ဘယ်သူကိုကြည့်ပြီး ဘာတွေရူးနေတာလဲ လူမြင်ကွင်းမှာ ဖြစ်ပျက်နေတာ မရှက်ကြဘူးလားဟမ်''

''ဟားး နင်ကလည်း ငါ့တို့ပဲကြည့်တော့မဟုတ်ဘူး ဟိုမှာကြည့် ''

(မိန်းကလေး မျက်စောင်းနဲ့ပြလိုက်တဲ့နေရာကို ကြည့်လိုက်တော့ အမှန်ပင် မိန်းခလေးတိုင်းရဲ့မျက်လုံးတွေက ထို့လူဆီမှာပင်)

''နင်တို့ကလည်းဟာ...သူ့ကဘယ်သူမို့ ဒီလောက်ကြည့်နေတာလဲ''

''ဟဲ့....ဇိုးလေ..နင်ဇိုးကိုမသိဘူးတော့  မပြောနဲ့နော် အနမ်း''

''မသိဘူးလေ ဘယ်သူလဲ''

''ဟာ သေစမ်း..ဟိုမှာ ကြည့် ဟိုဘက်မှာ''

(သူငယ်ချင်းမက စိတ်မရှည်သလိုနဲ့ အနမ်းရဲ့ ခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီဆွဲလှည့်လိုက်တော့သည်။ အဲ့တော့မှ မြင်ပြီး အနမ်းပြောလိုက်တဲ့စကားကြောင့် အနမ်းကိုသူငယ်ချင်းတွေက အခဲမကျေဖြစ်သွားကြသည်။)

''သူလား...သာမန်ပါပဲဟယ်...တခြားယောကျာ်းတွေထက်အရပ်လေးပိုရှည်ပြီး နည်းနည်းလေးကြည့်ကောင်းနေယုံပဲဟာကို''

''ဟာ...အနမ်း နင်မှာမျက်လုံးရောပါသေးလား...ကြည့်စမ်းပါအုံးဟယ် ဒီလောက်ချောတာကို နင်မို့ပြောရက်တယ် သာမန်ပဲဆိုပြီး''

ဖူးစာ၏လှည့်ကွက် Where stories live. Discover now