Chapter : 1

2.7K 58 3
                                    

Unicode-

"ထက်ပိုင်.....အတန်းတက်ရမှာကွထတော့"

ဖက်လုံးအားဆွဲယူကာ အိပ်ပုတ်ကြီးနေသောကောင် အား ဖွဖွရိုက်လိုက်လေသည်။

ဒါကို ထက်ပိုင်ဦးဆိုတဲ့ ငပျင်းက တုတ်တုတ်မလှုပ်၊

"မင်း အတန်းမတက်ဘူးပေါ့၊ ဒါဆိုလဲငါ့ဟာငါပဲသွားတော့မယ်"

"ဘာလဲ...သေချင်ရင်မင်းဘာသာတစ်ယောက်ထဲသွားကြည့်လေ"

လရောင် ပြုံးလိုက်မိသည်။

ထက်ပိုင် က သင်တန်းကို သူတက်ချင်ပါတယ်လို့ ပြောလွန်းလို့လိုက်တက်တဲ့သူ၊ ငယ်ငယ်လေးကထဲက ပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီးတွေ
ဒါပေမယ့်ထက်ပိုင်က အနိုင်အရမ်းယူတယ်၊ နှိပ်ဆက်တာမဟုတ်ဘူး၊

ဘယ်ကိုသွားသွား ဘာပဲလုပ်လုပ်သူ့ကိုအရင်ခွင့်တောင်းရတယ်၊

သင်တန်းမှာထက်ပိုင်ကစာမလုပ်ဘူး၊
လရောင် ကတော့ကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်ချင်လို့
အားတက်သရောပေါ့၊

ထက်ပိုင်ဦးကလရောင်ရမ်းကိုဘယ်တော့မှသင်တန်းကိုတစ်ယောက်ထဲမသွားခိုင်းဘူး၊

အခုလဲကြည့် လရောင် ကိုယ့်ဟာကိုယ်သွားမယ်ပြောလိုက်တာနဲ့

မှုန်ကုပ်ကုပ်မျက်နှာကြီးနဲ့ အိပ်ယာကထလာပြီ၊

ဒီကောင်ကလရောင်ရဲ့သူငယ်ချင်းညီအကိုကောင်းတစ်ယောက်ပဲ၊

"အေးပါကွာ၊မြန်မြန်လုပ်နောက်ကျတော့မယ် "

"ကျကျပေါ့၊ "

"ဒီနေ့ သင်ခန်းစာအသစ်တက်မှာလဒရ"

"နားငြီးလိုက်တာ လရောင်ရမ်း ရာ"

"မငြီးစေချင်ရင် ထတော့ခွေးသားရ"

"အေးလို့ မအေဘေးရဲ့"

"မေပျို့ကိုလဲဝင်ခေါ်ရအောင်"

လာပြန်ပြီဒီမေပျို၊ မေပျိုက သူတို့ သင်တန်းတက်မှ သိတဲ့မိန်းကလေး၊

ထက်ပိုင် ကိုအမြဲတမ်းလိုက်ရောနေလို့
ထက်ပိုင် အဲ့ကောင်မလေးကိုသိပ်သဘောမကျ၊

"မခေါ်ဘူး၊"

"အေးလေ၊သူလဲရောက်နေလောက်ပါပြီ"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now