YMHK & Zarni

3.2K 240 35
                                    

Unicode

သူ့ကို လမ်းထိပ်အထိ လိုက်ပို့ပေးပြီး ပြန်မောင်းထွက်သွားသော ရဲမြတ်ထွဋ်ခေါင်၏ကားကို မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ရပ်ကာ ကြည့်‌နေပြီးမှ လမ်းကြားထဲ လျှောက်ကာ ၀င်ခဲ့လိုက်သည်။ ဒီရက်ထဲမှာ အလုပ်များနေပုံရသော ရဲမြတ်ထွဋ်ခေါင်က အိမ်ပြန်ချိန်ကလွဲလို့ ဇာနည်နဲ့ သိပ်မတွေ့ဖြစ်တော့။ ဟိုရက်က ဦးထွဋ်ခေါင်လာသွားတာကြောင့်လည်း ဖြစ်မည်။ အဖေဖြစ်သူနှင့် ဘာပြဿနာတွေ ဖြစ်တယ်ဆိုတာတော့ မသိပေမယ့်လည်း ထိုနေ့ကတည်းက ရဲမြတ်ထွဋ်ခေါင်က အရင်လို ရွှင်ရွှင်ပျပျ မရှိတော့ပါ။

"ဒီနေ့ နားမယ်" "နေ့တိုင်း ဒီလိုပဲ ထိုင်နေရတာပဲ"ဆိုပြီး အမြဲအတိုက်အခံလုပ်ကာ ပြောခဲ့ပေမယ့် တကယ်တမ်း မသွားဖြစ်တဲ့ရက်တွေမှာတောင် တစ်ခုခု လိုအပ်နေသလိုပင်။ မိုးလင်းတာနဲ့ အဲ့ဒီအိမ်မှာ သွားထိုင်နေပြီး ရဲမြတ်ထွဋ်ခေါင် သွားတဲ့နေရာတွေဆီ လျှောက်လိုက်နေရခြင်းကို အလိုလို သက်တောင့်သက်သာ ဖြစ်လာသည်။

"အဲ့ဒါ မင်း အမြဲတမ်းလုပ်ရမဲ့ အလုပ်တစ်ခု မဟုတ်ဘူး" ဟုသာ ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေရ၏။ ရဲမြတ်ထွဋ်ခေါင်အား ပျော်စေချင်တယ် ဟု ပြောလျှင် လူရယ်ချင်စရာများ ဖြစ်နေမလားတော့ မသိ။ သူ့လို အဘက်ဘက်က ဒုက္ခပေါင်းစုံနဲ့ လူတစ်ယောက်က အစစအရာရာ ပြီးပြည့်စုံနေသော လူတစ်ယောက်ကို ပျော်စေချင်တယ် ဟု ပြောသော စကားက ဟာသဖြစ်နေလိမ့်မည် ထင်သည်။

အိပ်ရာထဲလှဲကာ Facebook ပေါ်က ရဲမြတ်ထွဋ်ခေါင် အကောင့်မှာ အသစ်တင်ထားသော ဓာတ်ပုံအသစ်များကို ၀င်ကြည့်နေမိသည်။ ဒီနေ့ သွားရသော ပွဲက ပုံများ ဖြစ်သည်။ အရင်ကတော့ ဒီလိုပုံမျိုးတွေကို ကြည့်ပြီး ရဲမြတ်ထွဋ်ခေါင်ဟာ ဒီအလုပ်တွေကို စိတ်မပါဘဲ လုပ်နေရသည်လို့ မထင်မိခဲ့။

Ring ... Ring ... Ring

"Hello"

Screen ပေါ်က ရဲမြတ်ထွဋ်ခေါင် နာမည်ကို ကြည့်ကာ ဖုန်းကို ပြန်ဖြေလိုက်တော့ တစ်ဖက်က ဘာအသံမှ မကြားရပါ။ ခဏလောက် တိတ်ဆိတ်နေပြီးမှ မသဲကွဲသော စကားပြောသံတို့ ထွက်လာသည်။

Magic Hides My ManWhere stories live. Discover now