Part 20

3.8K 301 25
                                    

Unicode

"မမ ... ကျွန်တော် ပိုင်ခန့်ဆီ ဖုန်းဆက်လို့ မရဘူး"

"ဟုတ်လား ... မမဆီတော့ လှမ်းဆက်ထားတယ်၊ ထောက်ကြန့်ဘက်ဆိုလား၊ ပဲခူးဘက်ဆိုလား ရောက်နေလို့တဲ့၊ ဆိုင်ကယ် ၀ယ်ရောင်းကိစ္စလို့ ပြောတယ်"

"အော် ... ဟုတ် မမ၊ ဖုန်းဆက်မရလို့ မေးကြည့်တာ ဒါပဲနော်"

ဗညားထွဋ်ခေါင် ဖုန်းကို ပိတ်လိုက်ပြီး အိမ်ရှေ့မှာ ထိုင်ပျက်လက်ပျက် ထိုင်ချ လိုက်မိသည်။ သူဟာ ပိုင်ခန့်ကို ပြောသလို တကယ်ကိုပဲ ပြဿနာတွေချည်း ရွေးလုပ်သလိုများ ဖြစ်နေလား မသိပါ။ ပိုင်ခန့်ကိုနဲ့ စကားသေချာမပြောဖြစ်တာ နှစ်ရက်၊ သုံးရက်လောက် ရှိတော့မည်။ ပိုင်ခန့်ကို အလုပ်ထုတ်ခံရတယ်ဆိုတဲ့ အကြောင်းကိုလည်း မနက်ကမှ မမပြောလို့ သိရတာ ဖြစ်သည်။ ပိုင်ခန့်ကိုက ဘာမှပြောမပြချေ။

အလုပ်ထွက်ရတဲ့ ကိစ္စကလည်း ဗညားထွဋ်ခေါင်စသော ပြဿနာကြောင့်ပဲ ဖြစ်သည်။ ရဲမြတ်ထွဋ်ခေါင်ဆိုသော ကောင်က အဲ့ဒီလို စိတ်ဓာတ်အောက်တန်းကျပြီး ယုတ်မာမယ်လို့တော့ ထင်မထားမိခဲ့။ ပြဿနာက ပြီးသွားပြီပဲ ထင်ခဲ့တာ။ အရင်က ဗညားထွဋ်ခေါင်ကိုယ်တိုင်လည်း ဒီလိုမျိုး အရေးမပါတာတွေကို လုပ်ခဲ့ဖူးသည်လေ။ ကိုယ်နဲ့ အဆင်မပြေဖြစ်သမျှ Bar ‌တွေ၊ ဆိုင်တွေကို ပိတ်ရအောင် လုပ်တာမျိုး တွေ၊ သူ့အလိုလို စိတ်ညစ်ပြီး ပိတ်သွားအောင် လုပ်တာမျိုးတွေ လုပ်ခဲ့ဖူးသည်။

အဲ့ဒီတုန်းကရော အခုပိုင်ခန့်ကို ဖြစ်သလိုပဲ ထို‌နေရာတွေက အလုပ်သမား‌‌တွေဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြမှာပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ခန့်ကိုကတော့ စိတ်မဆိုးရင်တောင် စိတ်ခုသွားလောက်သည်။ အဲ့ဒါကြောင့် မနေ့ညကတည်းကလည်း ဗညားထွဋ်ခေါင်အား အရင်လို "ဘယ်သွားတာလဲ" ဘာညာလည်း မမေး။ ဘာစကားမှလည်း သေချာမပြောတာ ဖြစ်မည်။

အခုလည်း အလုပ်ကိစ္စသွားတဲ့အကြောင်း မမကို ဖုန်းဆက်ပေမယ့် ဗညားထွဋ်ခေါင် ဖုန်းဆက်တာကို မကိုင်ပါ။ စီးကရက်တစ်လိပ်ကို မီးညှိကာ တ၀က်ကျိုးလောက်တဲ့အထိ ဆက်တိုက်ဖွာနေလိုက်ရင်း မျက်လုံးတွေက ဝေဝါးလာသည်။

Magic Hides My ManWhere stories live. Discover now