Part 18

3.5K 283 31
                                    

Unicode

"ကျွန်တော် ဒီ၀ပ်ရှော့နေရာကို သဘောကျတယ်"

ရဲမြတ်ထွဋ်ခေါင်စကားကြောင့် ကိုမင်းသူမျက်စိမျက်နှာပျက်ကာ ခေါင်းညိတ်ရမလို၊ ခေါင်းခါရမလို ဖြစ်နေသည်။ ကိုမင်းသူကို ကြည့်ကာ ရဲမြတ်ထွဋ်ခေါင် ပြုံးလိုက်ရင်း -

"၀ပ်ရှော့ကလည်း အမိုက်စားပါပဲ၊ ပိတ်ပစ်လိုက်ရရင်တော့ နှမြောစရာဖြစ်တော့မှာပဲ"

"ဟို ... ဘာများ ပြဿနာရှိလဲဆိုတာ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်"

"ပြဿနာလို့ မသုံးပါနဲ့၊ အေးဆေးပေါ့ဗျာ၊ ကျွန်တော်သာ ပိုင်ရှင်ဆိုရင် အချိုးမပြေတဲ့၀န်ထမ်းတွေကို ဆက်ထားဖြစ်မယ် မထင်ဘူး"

"ဗညားက ဒီကအလုပ်ထွက်သွားပါပြီ၊ ဘာပြဿနာဖြစ်ခဲ့မှန်းမသိပေမယ့် ကျွန်တော်လည်း သူ့အချိုးကိုမကြိုက်လို့ ၀ပ်ရှော့မှာ ဆက်မထားတော့တာပါ"

ကိုမင်းသူက သဘောပေါက်သွားသလို ပျာပျာသလဲ ရှင်းပြ၏။

"ဟုတ်လား၊ ဒါဆို တစ်ယောက်ပဲ ကျန်တော့တာပေါ့"

"ကိုခန့် ... ကိုခန့်လား"

ကိုမင်းသူရဲ့ နားမလည်သလိုမေးသော မေးခွန်းကို ပြန်မဖြေနေတော့ဘဲ ဘေးမှာရပ်နေကြသော မင်းထက်တို့ကို "သွားရအောင်" ဆိုသည့်ပုံစံနဲ့ ခေါင်းတချက်ညိတ်ပြလိုက်သည်။ ပြီးမှ ကိုမင်းသူအား သေသေချာချာ ပြုံးပြလိုက်ရင်း -

"ခွင့်ပြုပါဦး၊ ဒီနေရာကို ကျွန်တော်သဘောကျတယ်ဆိုတော့ နောက်တစ်ကြိမ်ထပ်လာဖြစ်မယ် ထင်ပါတယ်"

"ဟုတ်ကဲ့ပါ .. ကျွန်တော် အဆင်ပြေအောင် အားလုံးလုပ်ထားပါ့မယ်"

ဘာကို သဘောပေါက်ပြီး ကတိတွေပေးနေမှန်းမသိသော ကိုမင်းသူစကားမဆုံးခင်မှာပဲ၊ အဆင်သင့်တံခါးဖွင့်ထားပြီးသော ကားထဲ၀င်ထိုင်လိုက်သည်။ ရှေ့ဆင့်နောက်ဆင့် မောင်းထွက်သွားကြသော ကားသုံးစီးအား ငေးကြည့်ရင်း ကျန်ခဲ့သော ကိုမင်းသူမျက်နှာကတော့ ပြိုတော့မည့်မိုးလို ...။

........

ခပ်မှန်မှန်ရွေ့လျားလာသော ကားပေါ်တွင်တော့ Air Pod ကို တပ်လိုက်ပြီး မျက်လုံးများပိတ်ကာ လိုက်ပါလာသော ရဲမြတ်ထွဋ်ခေါင်။ အခုလုပ်သော လုပ်ရပ်ဟာ သိပ်များ ကလေးဆန်နေမလားဟု တွေးမိပေမယ့်၊ မတတ်နိုင်ပါ။ ဒီထက်ဝုန်းဒိုင်းကြဲတဲ့နည်းနဲ့ ပြဿနာရှာလို့လည်း မဖြစ်။ တစ်ခုခုဆို သူ့နာမည်ထက် ဖေဖေ့နာမည်သာ အရင်ထွက်လာလိမ့်မည်။ ကိုယ်တိုင်လိုက်မလာဘဲ မင်းထက်တို့နဲ့ လွှဲလိုက်လို့ ရပေမယ့်၊ ရဲမြတ်ထွဋ်ခေါင်ဆိုတာ ဒီလိုမျိုးဆိုတာကို သိစေချင်သည်။ ဘာကြောင့်မှန်းမသိ ဗညားထွဋ်ခေါင်ဆိုသော ကောင်အား အလိုလို မုန်းတီးနေမိသည်။ ကား၀ပ်ရှော့က အလုပ်သမားကောင်ကို ပြိုင်ဘက်လိုမျိုး စိတ်ထဲရောက်နေတဲ့ကိစ္စကို ဖေဖေသာသိရင်တော့ ကျိန်းသေ အပြစ်တင်မှာသေချာသည်။

Magic Hides My ManWhere stories live. Discover now