မွေးစားအစ်ကို (Extra)

1.9K 54 0
                                    

၄နှစ်ခန့်ကြာသော်

"နေရောင်သာ ရောင်ခြည်နွေး"

"ဟုတ် ဒယ်ဒီ"

"မင်းတို့ကို ဒယ်ဒီဘာမှာထားလဲ"

"အချိုတွေမစားရဘူးလို့မှာထားပါတယ် ဒယ်ဒီ"

"အခု ဒယ်ဒီ့စကားနားထောင်ကြလား"

"မနားထောင်ပါဘူးဒယ်ဒီ"

"မင်းတို့ဒယ်ဒီ့ကိုမလေးစားတာလား ဟမ်"

"မဟုတ် မဟုတ်ပါဘူး ဒယ်ဒီ သားကညီမလေးစားချင်တယ်ဆိုလို့ ယူ ယူပေးတာပါ"

"နေရောင်သာ ဒယ်ဒီ သား ညီမလေးကိုအရမ်းအလိုမလိုက်ရဘူးလို့မမှာထားဘူးလား"

"မှာထားပါတယ်ဒယ်ဒီ"

"အဲ့ဒါဆို ဘာလို့စကားနားမထောင်တာလဲ"

"ဟို သားကညီမလေးအရမ်းစားချင်တော့ သနားလို့ပါ ဒယ်ဒီ"

"ဟင်းးးးးး မင်းတို့မောင်နှမကြား ဒယ်ဒီကအခုလူဆိုးကြီးဖြစ်ရပြီ"

"ရောင်ခြည်နွေး နောက်ခါ ဒယ်ဒီမသိပဲအချိုတွေမစားရဘူးနော် ဒယ်ဒီတခြားအရာတွေသာအလိုလိုက်မယ် ကျန်းမာရေးနဲ့ပတ်သက်ရင် ဒယ်ဒီအလိုမလိုက်ဘူး ကြားလားသမီး"

"ဟုတ်ကဲ့ဒယ်ဒီ"

နေဘုန်းတို့သားအဖတွေကိုကြည့်ရင်း ရောင်နီကတော့ခေါင်းခါရုံသာတတ်နိုင်တော့သည်။နေဘုန်းကဒီလိုပါပဲ သူ့သားနဲ့သမီးကိုစည်းကမ်းတကျကြီးပြင်းစေချင်သည်။ သားနဲ့သမီးက‌လည်းနေဘုန်းကိုဆို ချစ်ကြောက်ရိုသေကြသည်။အရာရာကိုနေဘုန်းကဦးစီးဦးဆောင်လုပ်ရတော့ သားကနေဘုန်းကိုအတော်အားကျသည်။ သူကြီးလာရင်လည်း သူ့ဒယ်ဒီလိုဖြစ်အောင်လုပ်မယ်ဆိုပြီး အမြဲကြွေးကြော်တတ်လေသည်။ သားက ကြည့်လိုက်ရင် နေဘုန်းနဲ့တစ်ထေရာတည်းတူပေသည်။မျက်နှာအချိုးအစားရော စိတ်ဓာတ်ပိုင်းဆိုင်ရာပါ သူ့ဒယ်ဒီလိုပင်။ သမီးလေးကတော့ရောင်နီ့လို အတော်လေးလှသည်။ဘာမှအပြစ်ဆိုစရာမရှ်ိအောင်ပင်လှပလေသည်။

သူတို့မိသားစုအပြင်ထွက်လေလျှင် တစ်ချို့ကြော်ညာလုပ်ငန်းရှင်တွေက သမီးလေးကို ကလေးပစ္စည်းတွေ ကလေးအဝတ်အစားတွေကြေညာပေးဖို့ကမ်းလှန်းကြတာရှိသည်။တစ်ချို့ဆိုလျှင်အိမ်အထိလာကမ်းလှန်းကြသည်။ ဒါပေမဲ့ နေဘုန်းကတော့ အားလုံးကိုငြင်းချပစ်ခဲ့သည်။ဘာလို့ဆို သူ့သမီးလေးကို အေးအေးချမ်းချမ်းပဲ့ကြီးပြင်းစေချင်သည်တဲ့လေ။ ဟုတ်ပါသည်လေ သမီးလေးမျက်နှာက ရောင်နီ့လို ကြည့်လိုက်တာနဲ့ရင်ထဲအေးမြစေမဲ့မျက်နှာလေးမျိုးလေ။

မွေးစားအစ်ကို (Complete)Tahanan ng mga kuwento. Tumuklas ngayon