မွေးစားအစ်ကို (အပိုင်း-၁)

4K 88 1
                                    

"(....)လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ဆင်းသက်ပြီဖြစ်ပါ၍ခရီးသည်များ ဆင်းလို့ရပါပြီရှင်"

လေယာဉ်မယ်လေးရဲ့စကားသံအဆုံး ခရီးသည်အသီးသီးများသည်လေဆိပ်သို့ဦးတည်ကာဆင်းလာခဲ့ကြသည်။ထိုခရီးသည်များထဲတွင်ထင်းထင်းလင်းလင်းဖြင့်ပေါ်ထွက်လာသောလူသားလေးတစ်ယောက်။မျက်ခုံးထူထူနှင့်နှာတံမှာလည်းဖြောင့်စင်းနေပြီး မျက်လုံးအိမ်ကျဉ်းကျဉ်း နှုတ်သားထူထူလေးနှင့်မုတ်ဆိတ်မွေးရေးရေးလေးနဲ့ V shape မျက်နှာပုံစံလေးဖြင့်ဘာအပြစ်မှပြောစရာမရှိသောလူသားလေး။ပြင်သစ်မှာနေတာကြာတော့အသားလေးဖြူဆွတ်ဆွတ်နဲ့ အရပ်ကလည်းမိုးထိုးနေအောင်မြင့်ပြီး လမ်းလျှောက်နေတဲ့ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းဟာယုံကြည်မှုတွေတောက်ပနေသူလေး။သို့သော်သူ့ရဲ့မျက်လုံးများဟာတော့မီးဝင်းဝင်းတောက်ဖြစ်နေခဲ့သည်။သူ့ရဲ့စိတ်ထဲတွင်လည်း

"အဖေ အမေ သား ပြန်လာပြီ အဖေနဲ့အမေအတွက်အဲ့လူကိုသားကမ္ဘာမကြေဘူး အဖေကနဲ့အမေကတော့မေတ္တာတရားတွေပေးပြီးကျွေးမွေးထားလိုက်ရတာ ဒါပေမဲ့အဲ့ဒီသူကတော့ အဖေနဲ့အမေကိုဒီလိုနည်းနဲ့ကျေးဇူးဆပ်လိုက်တာပဲ ကျုပ်အခုပဲ့ခင်ဗျားဆီရောက်လာပြီ ရောင်နီဖြာ ကျုပ်ခင်ဗျားကိုကောင်းကောင်းကြီးနှိပ်စက်ပြမယ် ခံနိုင်ရည်ရှိအောင်ပြင်ထားတော့"

လို့ရေရွတ်လိုက်သည်။ဟုတ်ပါတယ် သူကတော့အခုတလောကမ္ဘာ့အငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်တွေနေရာမှာ နံပါတ်တစ်နေရာကိုဦးဆောင်နေတဲ့ နေဘုန်းဧကရာဇ်။အလယ်တန်းတက်ကတည်းကပြင်သစ်တွင်သွားနေခဲ့ပြီး မြန်မာပြည်ကိုဘယ်တော့မှပြန်မလာခဲ့သူ။မိဘတွေဆုံးသွားခဲ့တော့လည်းလာရောက်မတွေ့ဆုံနိုင်သောကြောင့် ဆုံးပြီးသုံးနှစ်လောက်နေမှပြန်လာရခဲ့လေသည်။အခုတော့သူ့ရဲ့ကလဲ့စားချေမှုတွေကိုစတင်ဖို့ မြန်မာပြည်ကိုအချေချခဲ့တော့သည်။သူလေဆိပ်သို့ထွက်လာစဉ် သူ့ကိုလာကြိုနေသူကိုတွေ့သည်နှင့်

"သခင်လေးရယ် လူတောင်မှားတယ် လူပျိုကြီးတောင်ဖြစ်လာခဲ့ပြီကွယ်"

"ဟုတ်ဦးလေး နေကောင်းတယ်မလား"

"ကောင်းပါ့သကွယ် ကောင်းပါ့"

မွေးစားအစ်ကို (Complete)Where stories live. Discover now