မွေးစားအစ်ကို (အပိုင်း-၆)

2.1K 59 0
                                    

ဒီလိုနဲ့ နေဘုန်းရဲ့ကားလည်းထွက်သွားတော့ ရောင်နီလည်း အိမ်ထဲသို့သာဝင်ခဲ့သည်။သူလည်းပျင်းနေတာနဲ့ သူ့ရဲ့ပန်းချီအခန်းလေးထဲဝင်ကာ ပန်းချီဆွဲနေတော့သည်။ဒီပန်းချီခန်းလေးဟာမွေးစားမေမေသူ့ကိုလုပ်ပေးထားတဲ့အခန်းလေး။သူဒီအခန်းလေးကိုအရမ်းမြတ်နိုးမိတယ်။

တစ်ဖက်က နေဘုန်းဟာလည်းကုမ္ပဏီသို့ရောက်သော် ဝန်ထမ်းများအားလုံးကိုခေါ်ကာ အစည်းအဝေးထိုင်နေတော့တယ်။ဝန်ထမ်းတွေကတော့နေဘုန်းရဲ့မျက်နှာကိုကြည့်ပြီး သေးထွက်မတတ်ကြောက်လန့်နေကြရတယ်။

"ဒီလချုပ်စာရင်းဘယ်သူလုပ်လဲ"

"..........."

"ငါမေးနေတယ်လေ ဒီလချုပ်စာရင်းဘယ်သူလုပ်လဲလို့"

ထိုစဉ်ဝန်ထမ်းတွေထဲမှတစ်ယောက်က တုန်တုန်ယင်ယင်နဲ့လက်ထောင်လိုက်ကာ

"ကျနော်လုပ်တာပါဘော့စ်"

"အလုပ်ကိုဘယ်လိုလုပ်နေတာလဲဟမ် အကုန်လွဲနေတာချည်း မင်းတို့ငါ့ကုမ္ပဏီမှာအချိန်တန်တော့လစာယူတတ်ကြတယ် အလုပ်ကျကောင်းကောင်းမလုပ်တတ်ကြဘူးလားဟမ် ငါကြည့်နေတယ် အကုန်လုံးအချိုးကိုမပြေဘူး ရုံးနောက်ကျတဲ့သူကနောက်ကျ ရုံးဝတ်စုံကိုလည်းဘယ်သူမှသန့်သန့်ပြန့်ပြန့်မဝတ်ထားဘူး ပြီးရင်လည်းမိန်းကလေးတွေ မျက်နှာမှာမိတ်ကပ်တစ်ပိဿာနဲ့ မန်နေဂျာကြီးကရောဘာလုပ်နေလဲ သူတို့ကိုပြောလို့မနိုင်ဘူးလား"

"မဟုတ် မဟုတ်ပါဘူးဘော့စ်"

"ဒါဆို တမင်ထားထားတာပေါ့လေ"

"အဲ့လိုလည်းမဟုတ်ပါဘူးဘော့စ် ကျနော်လည်းအလုပ်များနေတာနဲ့မပြောဖြစ်သေးတာပါ"

"အလုပ်များနေတာ ဟုတ်လား အကုန်လုံး ကုမ္ပဏီမှာပျော်ပွဲစားလာထွက်နေကြသလိုပဲ နောက်ခါငါ အခုလိုတွေမမြင်ချင်ဘူး မြင်တာနဲ့အလုပ်ထုတ်မယ် ငါ့ကုမ္ပဏီမှာစည်းကမ်းရှိတဲ့လူပဲ့ရှိစေချင်တယ် ငါပြောတာတွေမလုပ်နိုင်ရင် အခုကတည်းကထွက်စာတင်ကြ မင်းတို့လုပ်နေပုံတွေကငါ့ကုမ္ပဏီကိုသိက္ခာကျစေတယ်"

"..........."

"ငါပြောတာကြားကြလား"

"ဟုတ် ကြားပါတယ်ဘော့စ်"

မွေးစားအစ်ကို (Complete)Where stories live. Discover now