မွေးစားအစ်ကို (အပိုင်း-၁၀)

2.2K 62 1
                                    

(ဤအပိုင်းတွင်အ‌ေမှာင်ခန်းများပါဝင်မည်ဖြစ်ပါသည်။)

ဒီလိုနဲ့ နေဘုန်းတစ်ယောက် ရောင်နီဖြာလေးကို ရှယ်ယာရှင်တိုင်းနဲ့မိတ်ဆက် သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးကာ ရောင်နီဖြာကိုသူ့ဇနီးအဖြစ်ပွဲထုတ်လေတော့သည်။ညနက်သထက်နက်လာလေ သူတို့ပွဲလေးဟာလည်းလူတွေတအားစည်ကားလေတယ်။ဒီလိုနဲ့ပွဲလေးဟာ ညနေ၄နာရီကတည်းကစလိုက်တာ ည၁၀နာရီကျော်ကျော်မှ ပြီးသွားလေတယ်။

ရောင်နီလေးဟာတော့ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်ချင်လောက်အောင်အတော်ပင်ပန်းနေသည်။လက်ချောင်းတစ်ချောင်းပင်မလှုပ်ချင်လောက်အောင်ကိုပင်ပန်းနေလေသည်။အတော်လည်းအိပ်ချင်နေသည်။သူ့ခမျာ နေဘုန်း မိတ်ဆက်ပေးသမျှလူတွေကိုလိုင်လှံပြုံးပြနှုတ်ဆက်နေရသည်ကိုလည်းပင်ပန်းသည်။ရောင်နီဖြာဟာများသောအားဖြင့်လူတွေအရမ်းများရင်မနေတတ်ပါ။လူရှုပ်ရင်လည်းမကြိုက်ပါ။တင်းကြပ်သလိုခံစားရစေသည်။အခုကသူ့ရဲ့မဂ်လာပွဲလေးမို့လို့မဖြစ်မနေမို့လို့သာ သည်းခံကာနေနေရသည်။ပွဲပြီးသွားတော့ နေဘုန်းကအခန်းထဲသွားပြီးရေချိုးကာနားနေတော့ဟုဆိုသောကြောင့် သူအခန်းသို့တက်လာကာ ရေမိုးချိုးကာ နားနေတော့သည်။ဆောင်းဝင်စအချိန်လေးလည်းဖြစ်တာကြောင့် လေလေးကလည်းတဖြူးဖြူးတိုက်ကာအေးစိမ့်စိမ့်လေးဖြစ်နေတော့သည်။ရောင်နီဖြာလေးကတော့ ရေကိုမြန်မြန်ချိုးပြီးအဝတ်အစားကိုနွေးနွေးထွေးထွေးဝတ်ကာ အိပ်ရာပေါ်သို့တက်ကာစောင်ခြုံကွေးနေတော့သည်။

နေဘုန်းတစ်ယောက်ကတော့ အိမ်‌အောက်ထပ်တွင် သူ့သူငယ်ချင်းတွေနဲ့စကားပြောနှုတ်ဆက်နေကာ အလုပ်သမားများကိုလည်းမှာကြားစရာရှိတာတွေကိုမှာကြားနေတော့သည်။သူဒီနေ့အရမ်းကိုကျေနပ်သည်။ဘာလို့လဲဆိုတော့ ရောင်နီဖြာဆိုသော ယုန်ဖြူလေးကိုပိုင်ဆိုင်ခွင့်ရသလို လူအများရှေ့တွင်လည်း ရောင်နီဖြာဟာသူ့အပိုင်ဖြစ်ကြောင်းထုတ်ပြခွင့်ရလေသည်။သူသိတာပေါ့။တစ်ချို့အစစ်မတွေကရောင်နီဖြာအပေါ်ဘယ်လိုစိတ်ထားနေလဲဆိုတာကို။တစ်ချို့ကောင်တွေကလည်း ရောင်နီဖြာကိုချိန်နေကြမှန်းသူသိတာပေါ့။ဒါကြောင့်လည်းရောင်နီဖြာဟာသူ့အပိုင်ဖြစ်သလို ရောင်နီဖြာအပိုင်ဖြစ်ကြောင်းကိုထုတ်ဖော်ပြသခဲ့လေသည်။သူမိတ်ဆက်ပေးနေရင်း ရောင်နီဖြာကိုကြည့်ရတာအတော်ပင်ပန်းနေတဲ့ပုံပေါ်နေလို့ ဧည့်သည်တွေစဲတာနဲ့သွားနားခိုင်းလိုက်လေသည်။မနားလို့မရဘူးလေ။ခနနေသိတယ်မလား ဟဲဟဲ မဂ်လာဦးရအုံးမှာ။

မွေးစားအစ်ကို (Complete)Where stories live. Discover now