မွေးစားအစ်ကို (အပိုင်း-၁၈)

1.7K 40 3
                                    

"ဟန်နီ ထတော့လေကွာ ဒီနေ့ လျှောက်လည်ချင်တာဆို"

လာပါပြီ မနက်ခင်းအစဆိုနေဘုန်းရဲ့နှိုးသံလေးပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်လို့သာဖွင့်မပြောသေးတာ အခုနေတာကအရမ်းချစ်ကြတဲ့စုံတွဲလေးတွေလိုပင်ဖြစ်သည်။နေဘုန်းကတော့ ကလဲ့စားချေမယ်ဆိုပြီးပြင်သစ်ကနေမြန်မာပြည်ထိတောင်တကူးတကလာခဲ့ရာ အခုတော့အချစ်တွေတွေ့နေခဲ့ပြီ။

"အင့် ဟင်း"

ဟော နိုးလာပါပြီ။နေဘုန်းအတွက်ဘာနဲ့မှမလဲနိုင်တဲ့နေရောင်ခြည်လေး။တစ်နည်းအားဖြင့်ပြောရရင် သူဝန်မခံပေမဲ့လည်း သူသိပ်ချစ်ရတဲ့ ရောင်နီဖြာလေးပေါ့။

ရောင်‌နီလေးဟာလေ အခုတလော ဆိုးလည်းဆိုးလာတယ်။ဆိုးတယ်ဆိုတာကတခြားမဟုတ်ဘူးနော် ကလေးလိုဆိုးလာတာကိုပြောတာပါ။အရစ်လည်းသန်လာတယ်။စိတ်လည်းကောက်ပြလာတယ်။ချွဲလည်းချွဲပြလာတယ်။လိုတာရှ်ိရင်လည်းပူဆာတတ်လာတယ်။တစ်ခါတစ်လေ လူကြီးလေးဆန်ဆန်အမိန့်ပေးတတ်လာပြန်တယ်ဗျာ။အခုတလော ထိုလူကြီးလေးရဲ့အနိုင်ကျင့်မှုပေါင်းစုံကို ဒီကနေဘုန်းဧကရာဇ်ကြီးက မငြီးမငြူခံနေရတာပေါ့ဗျာ။ဒီလူကြီးလေးကိုချစ်မိတော့ ကိုယ်ကသူဆိုးသမျှ သူအနိုင်ကျင့်သမျှခံရတာ ပင်ပန်းတယ်လို့ထင်နေရင်တော့ စာဖတ်သူတို့ ဒီတစ်သက် fa ဘဝမှပျွတ်မှာလည်းမဟုတ်ပါဘူး။(ဟဲဟဲ စတာပါနော်)အချစ်ကထူးဆန်းတယ်ဗျာ အမုန်းဆုံးကနေတောင် ချစ်မိလာအောင်ပြောင်းလဲပစ်နိုင်တာ။အဲ့ဒီအချစ်ကို နေဘုန်းကိုယ်တိုင်ပဲပြောင်းလဲခဲ့တာလား။ရောင်နီကပဲပြောင်းလဲပေးလိုက်တာလား။ဒါမှမဟုတ်နှစ်ယောက်လုံးရဲ့ကံကြမ္မာတွေကပဲပြောင်းလဲပေးလိုက်တာလားဆိုတာစဉ်းစားလို့တောင်မရခဲ့ဘူးရယ်။သေချာတာကတော့ နေဘုန်းက ရောင်နီဖြာလေးကို သိပ်သိပ်ချစ်နေတာပဲ့ပေါ့ဗျာ။

"ဒါလင်"

"ဗျာ"

"နိုးနေတာကြာပြီလား"

"မကြာသေးပါဘူးဟန်နီရယ်"

"ဟုတ် အခုဘယ်နှနာရီရှိပြီလဲဟင်"

"ကိုးနာရီထိုးပြီဟန်နီရဲ့"

"ဟုတ်လား ရောင်နီလည်း ချမ်းချမ်းနဲ့အိပ်ပျော်နေတာ နောက်ကျကုန်ပြီ ဒါလင်ဗိုက်ဆာနေတော့မှာပဲ"

မွေးစားအစ်ကို (Complete)Where stories live. Discover now