မွေးစားအစ်ကို (အပိုင်း-၁၃)

2K 54 0
                                    

အခုဆိုရင် နေဘုန်းနဲ့ရောင်နီလက်ထပ်ထားသည်မှာ တစ်ပတ်ပင်ကျော်လာခဲ့သည်။ထိုအ‌ေတာအတွင်းရောင်နီလေးကတော့နေ့တိုင်းမယားဝတ္တရားကျေပွန်အောင်စီမံနိုင်ခဲ့ပေသည်။နေဘုန်းကလည်းပါးစပ်ကသာချစ်တယ်ဟုထုတ်မပြောပေမဲ့ သူ ရောင်နီလေးကိုတကယ်ချစ်ကြောင်းတော့မျက်လုံးတွေမှာပေါ်လွင်နေပေသည်။ကလဲ့စားချေမယ်ဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာပြည်ကိုလာခဲ့ရာ အခုတော့လင်ချောချောလေးနဲ့သာယာနေပြီဖြစ်သည်။သာသာယာယာနဲ့ချောချောမွေ့မွေ့ဖြစ်နေတဲ့လင်လင်တွေကြားထဲကို ဘယ်လိုမုန်တိုင်းတွေဝင်လာမလဲဆိုတာ ကံကလွဲပြီးဘယ်သူမှကြိုသိမနေနိုင်ပါ။

(သာသာလည်းမသိဘူးနော် အဟဲဟဲ)

ဒီနေ့တော့ရောင်နီလေးအပြင်ထွက်ရဖို့နေဘုန်းဆီကခွင့်တောင်းရပေမည်။မဂ်လာဆောင်ပြီးကတည်းကနေဘုန်းဟာရောင်နီလေးကို အပြင်ထွက်ခွင့်ပိတ်ထားလေသည်။ဘာလို့ဆိုသူ့ယောက်ျားအသစ်စက်စက်လေးကိုတခြားသူတွေမြင်မှာမလိုချင်ပါဘူးတဲ့။ဒါဟာသဝန်တိုလွန်းလို့ဖြစ်တယ်ဆိုတာရော နေဘုန်းရော ရောင်နီရောသိပါ့မလား မသိဘူးကွယ်။ရောင်နီလည်းအပြင်ထွက်ဖို့ဘယ်‌လိုခွင့်တောင်းရမလဲဆိုတာစဉ်းစားနေရင်း နေဘုန်းရဲ့ကားသံကိုကြားလိုက်ရသည်။နာရီကြည့်လိုက်တော့ နေ့ခင်း၁၁နာရီလောက်ရှိနေပြီပင်။နေဘုန်းဟာထိုသို့ပင်။ရောင်နီနဲ့လက်ထပ်ပြီးအချိန်မှစ၍ရောင်နီချက်ထားတဲ့ထမင်းဟင်းကိုသာအိမ်ပြန်ပြီးစားခဲ့သည်။နေ့ခင်းဘက်ဆိုလည်းဘယ်လောက်ပင်အလုပ်များများ အိမ်ပြန်၍ထမင်းကိုတော့ဖြစ်အောင်စားခဲ့သည်။တကယ်တော့နေဘုန်းဟာ ထမင်းဟင်းကိုစားချင်၍မဟုတ်ပဲ့ သူ့ယောက်ျားမျက်နှာလေးကိုငေးပြီး‌သူ့ယောက်ျားချက်ထားတဲ့ထမင်းဟင်းကိုစားရသောက်ရသည်က သူ့အတွက်ဘာနဲ့မှမလဲနိုင်တဲ့ ရတနာတစ်ခုပင်ဖြစ်သည်။ရောင်နီက နေဘုန်းပင်ပန်းမည်စိုး၍ရုံးသို့လာပို့မည်ဆိုသော်လည်း လုံးဝအလာမခံပေ။ဒါဟာလည်း သူရောင်နီကိုသဝန်တို၍ပင်ဖြစ်ခြင်း။

ရောင်နီလေးလည်းဘာထူးလဲ။သူ့ယောက်ျားအသစ်စက်စက်လေးအတွက်ဆို နေ့ခင်းတိုင်းထမင်းဟင်းတွေအစုံအလင်ချက်ကာ စောင့်နေတတ်ပေသည်။ပြီးရင်လည်းနေဘုန်းထမင်းစားပြီးရင်အချိုတည်းဖို့အတွက်ပါ အသီးတွေလှီး မုန့်လည်းတစ်မျိုးမဟုတ် တစ်မျိုးလုပ်ထားလေသည်။အော် ပြီးတော့ပြောပြရအုံးမယ်။နေဘုန်းကလေရောင်နီကို ဒါလင်လို့ခေါ်ခိုင်းတယ်။ဘာလို့ခေါ်ခိုင်းမှန်းရောင်နီလည်းစဉ်းစားလို့မရဘူး။

မွေးစားအစ်ကို (Complete)Where stories live. Discover now