"အချစ်ကို အစ်မပြန်ယုံကြည်အောင် ညီမကလုပ်ပေးမယ်။ပြီးရင် ညီမရဲ့အချစ်က ဘယ်လောက်ယုံကြည်ရတယ်ဆိုတာ ပြပေးမယ်။ အဲ့အချိန်ကျရင် ညီမက အစ်မလက်ကို ဘယ်တော့မှ မလွှတ်တော့ဘူး။ "
ဆယ်ကျော်သက်အရွယ်မှာ အဖေ့ရဲ့ စီးပွားရေးဆန်တဲ့ပျိုးထောင်မှုကို မခံနိုင်လို့ အိမ်ပေါ်က ဆင်းလာတုန်းက အစ်မက မင်ဂျောင်းအတွက် အားကိုးရာဖြစ်လာခဲ့တယ်။
ဒုတိယအကြိမ် အိမ်ပေါ်က ဆင်းလာခဲ့ရတဲ့ အကြောင်းအရင်းကကျ အစ်မလက်ကို ပြန်ဆွဲကိုင်နိုင်ဖို့သက်သက်သာ ဖြစ်သည်။
မင်ဂျောင်းအတွက် အမြဲ အသင့်ရှိနေပေးတဲ့ အစ်မဘေး အစ်မမှီခိုလို့ရတဲ့လူတစ်ယောက်ဖြစ်ချင်ရုံသက်သက် ရောက်လာခဲ့တာ။"အစ်မအတွက်"
ရုံးဆင်းချိန်မှာ မင်ဂျောင်းဟာ အစ်မတို့ အလုပ်ရှေ့ အမြဲ ရှိနေတတ်တယ်။
ကမ်းပေးလာတဲ့ အိတ်ထဲကို ကြည့်တော့ ရောင်စုံဂျယ်လီထုပ်တွေ။
"ကျေးဇူးတင်ပေမယ့် ဒီဂျယ်လီတွေက မင်းကြိုက်တာမဟုတ်ဘူးလား"
"ဒီဂျယ်လီစားတိုင်း ညီမအကြောင်းတွေးနေစေချင်လို့။ ပြီးတော့ အပြာရောင်သုံးထုပ်တောင်ထည့်လာခဲ့တာ အစ်မက အဲ့အရောင်ကြိုက်လို့လေ"
ဂျယ်လီတွေ စားလေ့မရှိပေမယ့် မင်ဂျောင်းပေးတဲ့ ဂျယ်လီထုပ်တွေကို အစ်မက အပြုံးနဲ့လက်ခံတယ်။ကလေးကုလား စားစရာတွေပါကွာလို့ ရေရွတ်ရင်းပေါ့။
"နေ့တိုင်း အစ်မကို လာကြိုနေတာ အဆင်ပြေရဲ့လား"
ဘတ်စ်ကားက ရောက်မလာသေးပါ။
လွတ်ခဲ့တဲ့ အပတ်က အစ်မရဲ့ အခွင့်အရေးပေးမယ် ဆိုတဲ့ ခွင့်ပြုမှုအောက်မှာ မင်ဂျောင်းဟာ ရသလောက် အခွင့်အရေးကို ယူတယ်။"မပြေရင် မင်းက လာမကြိုဘူးလား"
ဂျီမင်းမေးတော့ သူက ချက်ချင်းမဖြေ။ပြီးမှ မှုန်ကုပ်ကုပ်နဲ့
"အဆင်ပြေအောင်ပါ ညီမက ထပ်ကြိုးစားရမှာပေါ့ ဘယ့်နှယ် ကင်မင်ဂျောင်းက လိုချင်ရင် ရအောင်ယူတတ်တဲ့သူပါ"
ညနေခင်းဘက် ဘတ်စ်ကားမှတ်တိုင်မှာကြားရတဲ့ အစ်မရဲ့ ရယ်သံဟာ ညနေခင်းကို ပိုအားဖြည့်ပေးနေသလို။
ဘေးမှာ လူတွေရှိနေတာမို့ မင်ဂျောင်း အစ်မနား တိုးကပ်ပြီး ခပ်တိုးတိုးဆက်ပြောလိုက်မိတယ်။
![](https://img.wattpad.com/cover/303312397-288-k142389.jpg)