သူ၀င်လာတယ်
သူထွက်သွားတယ်
သူပြန်၀င်လာတယ်
ထပ်ပြီး သူထွက်သွားတယ်အခြေအနေအကုန်လုံးကို စစ်ထုတ်လိုက်ရင် ထင်ထင်ရှားရှားကျန်ခဲ့တာဆိုလို့ ဒဏ်ရာတွေသာ ရှိတယ်။
သူထွက်သွားတဲ့ အခါ ဒဏ်ရာဟာ ဘာကြောင့်များလဲ ဆိုတာနဲ့ စပြီး
သူပြန်လာတဲ့အခါ ထပ်ပြီး ထွက်သွားခဲ့ရင် ဆိုတာနဲ့ ဒဏ်ရာဟာ တမြေ့မြေ့နာကျင်ပြီး ရေနစ်သူကို ဝါးကူထိုးသူဟာ မျှော်လင့်ချက်ဆိုတဲ့ အရာသာဖြစ်တယ်။
ထပ်ပြီး သူထွက်သွားပြန်ရင် ဒဏ်ရာဟာ ထပ်ပြီး ဘာကြောင့်များလဲ
ထပ်ပြီး ပြန်လာခဲ့ရင် အဲ့နောက် ထပ်ပြီး ဘာလို့ ငါ့ကိုမှလဲ
အဲ့လို ထပ်ပြီး ဘာလို့ ဆိုတဲ့ မေးခွန်းပေါင်း များစွာနဲ့ ဒဏ်ရာဟာ တည်ရှိနေပြန်ရော...ဒီတစ်ခါရော ထပ်ပြီး သူတို့...
နောက်ဆိုဒီလို အမှတ်မထင် ဆိုတာမျိုး ထပ်များလာလို့ မဖြစ်မှန်း ဂျီမင်း ကောင်းကောင်း သိပါရဲ့။
အထက်တန်းမှာ မင်ဂျောင်းကို စတွေ့ခဲ့တာ။
စတွေ့တဲ့ ကာလတုန်းကဆို မင်းဂျောင်းဟာ ဂျီမင်းကို ရှိသည်ဟုပင်မထင်။အတန်းခေါင်းဆောင် ဖြစ်သည့် မင်ဂျောင်းဟာ ကျောင်းက ပန်းချီ အတန်းက ဆရာ့ကို ကြိတ်သဘောကျခဲ့တာ။
ဒီအကြောင်းကို ဂျီမင်းဘဲ သိခဲ့တာ။
မင်ဂျောင်းတောင် ဂျီမင်းသိနေမှန်း သူမသိဘူး။"ငါဒီနေ့ ဆရာ့ကို ဖွင့်ပြောလိုက်တယ် ဆိုပြီး"
မင်ဂျောင်း ပြောလာတုန်းက သူမတို့ ရင်းနှီးကာစ အချိန်ဘဲ ရှိခဲ့သေးတာ။
ဂျီမင်းက ဘာပြောနိုင်မှာလဲ။
ဆရာက လက်ခံခဲ့လားလို့ဘဲ မေးရမှာလား။
တားရမှာလား။မင်ဂျောင်းနဲ့ ဆရာ့ကြား ဘာတွေ ဖြစ်ခဲ့လည်းဂျီမင်းမသိခဲ့။
သဘောကျတဲ့ စိတ်ကိုလည်း ဟိုးဝေးဝေးမှာဘဲ ဂျီမင်း မေ့ထားခဲ့လိုက်တာ။အဲ့လိုနဲ့ " ဆရာ့ကို ဖွင့်ပြောလိုက်တယ်" ဆိုတဲ့ အချိန်ကာလ ကျော်လွန်သွားတော့ "အစ်မ ညီမကို သဘောကျနေတာလား" ဆိုတဲ့ ကာလကို ကူးပြောင်းလာတယ်။
အဲ့နောက် ယုံကြည်နိုင်စရာမရှိပေမယ့် မင်ဂျောင်းက ဂျီမင်း အတွက် ဖြစ်လာခဲ့တယ်။ ပထမဦးဆုံး အနေနဲ့။
ကိုယ် ထိုင်ရာ ခုံရဲ့ မျက်စောင်းထိုး ဘက်မှာ ထိုင်တဲ့ ဂျီမင်းတို့ အတန်းရဲ့ အတန်းခေါင်းဆောင်ဟာ ဂျီမင်း အပိုင် ဖြစ်လာခဲ့တယ်။
ခိုးကြည့်ခဲ့ရတဲ့ နေ့ရက်တွေကနေ သူ့ကို ဘေးထားရင်း မေးထောက် ငေးလို့ရတဲ့ အခွင့်တွေထိ ပိုင်ဆိုင်လာခဲ့ရတာ။
ဆုံးရှုံးမယ်မှန်းသာ ကြိုသိရင် တစ်၀ကြီး ပိုငေးခဲ့ပါရဲ့။