3-END

600 82 2
                                    

အတော်လေး သာယာတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့တယ်။

‌အိပ်ခန်းကျဉ်းလေးရဲ့ အပြင်ဘက်က ကွပ်ပျစ်ပေါ်မှာ ဂျီမင်းက ခြေဆင်းထိုင်ရင်း ကောင်းကင်ကြီးကို ကြည့်နေခဲ့တာ။
မင်ဂျောင်းက ဂျီမင်းပေါင်ကို ခေါင်းအုံးရင်း တစ်ချက်တစ်ချက် အင်္ကျီစကို မ ပြီး ဂျီမင်း ဗိုက်သားတွေပေါ် မျက်နှာ အပ်အပ်လာတယ်။

ဒါက မင်ဂျောင်းအကျင့်ဘဲ။
ခွေးပေါက်လေးတစ်ကောင်လို ဂျီမင်း အင်္ကျီအောက်ထဲ တိုး၀င်နေတတ်တာ မင်ဂျောင်း အကျင့်ဘဲ။

တစ်ခါကဆို သူမတို့နှစ်ယောက်စာလောက်ဆံ့တဲ့ အင်္ကျီကြီး ၀ယ်လာပြီး နှစ်ယောက်တူတူ ၀တ်အိပ်‌ရအောင် ဆိုပြီးတောင် ပြောခဲ့သေးတာ။

"ရီနာ..ခါရီနာ ဆိုတဲ့ နာမည်ကို ဘာလို့ သုံးတာလဲ အစ်မ"

ဂျီမင်း အကြောင်းအရင်းကို တွေးမိတော့ ပြုံးမိသေးတယ်။မင်ဂျောင်းကို ငုံ့ကြည့်တော့ ခွေးပေါက်လေးတစ်ကောင်လို ဂျီမင်းကို ပြန်ကြည့်နေခဲ့တာ။

"အင်း.....မေးလာရင် မပြောပြဘဲ မနေနိုင်ဘူးကွာ ခက်တာဘဲ"

"ဈေးကိုင်မနေဘဲ ပြောပြပါဆို မြန်မြန်"

အင်္ကျီစကို ဆွဲကိုင်ရင်း အလိုမကျစွာ ဆိုလာတယ်။

"အိုခေ ဟုတ်ပြီ ဟုတ်ပြီ ပြောပြမယ်"
"အထက်တန်းတုန်းကလေ..အစ်မ မင်းဆီက ၀တ္ထုတစ်အုပ်ငှားဖူးတယ် မှတ်မိလား"

တကယ်တော့ မင်ဂျောင်း သိပ်မမှတ်မိပါ။
နှစ်တွေက ကြာခဲ့ပြီမလား။

မင်ဂျောင်းဘက်က တွေဝေနေတော့ သူက ဆက်ပြောလာတယ်။

"အဲ့စာအုပ်ထဲမှာကွာ--"

ပြောလက်စ ဂျီမင်း စကားအချို့ တိုးဖျော့သွားတယ်။
ခြေသံကြားရတယ်။
အပေါ်ဆုံးထပ်မို့ လူအလာဟာတကယ်ကြီးကိုနည်းတာမို့ ဒီခြေသံဟာ ဘယ်လိုလာခြင်းမျိုးဖြစ်သည်ကို စိတ်၀င်စားသည်။

လှေကားဘက်ကို ကျောပေးထိုင်နေတာမို့ အနောက်လှည့်ကြည့်တော့
လှေကားလက်ကိုင်တိုင်လုံးတွေကြားထဲက တဖြည်းဖြည်းရုပ်လုံးပေါ်လာတာဟာ ခပ်တိုတိုဆံပင်တွေ‌ဖြစ်သည်။

ENDWo Geschichten leben. Entdecke jetzt