7-END

295 50 5
                                    


ဈာပနပွဲကို ဂျီမင်းရောက်တော့ ညနေသုံးနာရီ။ ဒီတလော သူမ ဈာပနပွဲတွေ တက်ရတာ စိပ်လာသည်။ သူမက ဈာပနပွဲတက်ရမယ့် အရွယ် ရောက်နေပြီလားလို့လည်း တွေးမိတယ်။


အလုပ်က ဌာနမှူး ရဲ့ အမျိုးသား  ဈာပနမို့ အများဆုံးတွေ့ရတာ အလုပ်က လူတွေဘဲ ဖြစ်သည်။
အရိုအသေပေးပြီး အလုပ်က လူတွေနဲ့ဘဲ တစ်ဝိုင်း တည်း အတူ စားဖြစ်သည်။

စက္ကူခွက်ထဲ ဆိုဂျူတစ်၀က်ကျော်ထည့်ပြီး အရင်‌ဆုံးသောက်မိသည်။ ဝိုင်းမှာ ပြောနေကြတဲ့ အကြောင်းအရာ အများစုက လုပ်ငန်း အကြောင်းတွေပင်ဖြစ်သည်။

ဆီတွေဝေ့နေတဲ့ ဈာပနက ကျွေးတဲ့ ဟင်းရည်ကို တစ်ဇွန်းခပ်သောက်လိုက်ရင်း တွေ့လိုက်မိတာက ခန်းမထဲ ၀င်လာတဲ့ မင်ဂျောင်းကို ဖြစ်သည်။

အနက်ရောင် အပြည့်၀တ်ထားတဲ့ မင်ဂျောင်းဟာ သူ့ဆံပင်တွေကိုပါ စည်းထားသည်။ဂျီမင်းသတိရလိုက်မိတာက မင်ဂျောင်းနဲ့ အတူ အလုပ်လုပ်တုန်းက ဈာပနရှင် ဌာနမှူးဟာ သူအတို့ နှစ်ယောက်ရဲ့ အထက်လူကြီး ဖြစ်တယ် ဆိုတာဘဲ။

အရိုအသေပေးပြီး ပြန်ထွက်လာတဲ့ မင်ဂျောင်း မျက်နှာ မကောင်းပါ။
ခန်းမအလယ် သူတွေ ပြည့်နေပေမယ့် မင်ဂျောင်းနဲ့ကောင်းကောင်း သိသူဟာ သူမဘဲ ရှိတာမို့ သူမထိုင်ရာဝိုင်းကိုသာ မင်ဂျောင်းကို ခေါ်လိုက်သည်။

ဈာပနက ပြန်တဲ့ထိ သူမတို့ နှစ်ယောက် ရေရေရာရာ စကား မပြောဖြစ်ကြ။

ရုံးဆင်းချိန်မို့ လူရှုပ်နေတဲ့ ဘတ်စ်ကားပေါ် နှစ်ယောက်လုံး ခုံနေရာ မရပါ။လူကြပ်နေတာမို့ ကားတစ်ချက်ယိမ်းသွားတိုင်း မင်ဂျောင်းရဲ့ ရှန်ပူနံ့က ဂျီမင်း နှာဖျား၀မှာ ဝေ့သီလာတယ်။

"ဆင်းရအောင် အစ်မ"

ဆင်းရမယ့် နေရာရောက်တော့ မင်ဂျောင်းက သူမ အင်္ကျီစကို ဆွဲကိုင်ပြီး ဦးဆောင် ဆင်းတယ်။

ဘတ်စ်ကားက ထွက်သွားတယ်။ နေ၀င်ရီတရော အချိန်ကာမှာ မှတ်တိုင်ရှေ့ကနေ သူမတို့ နှစ်ယောက် ထွက်လာကြတယ်။ မြို့ပြရဲ့ ညဟာ ဆူညံသံတွေ ကားပိတ်မှုတွေနဲ့ ထုံးစံအတိုင်း။ ခပ်ဝေးဝေးကို ငေးကြည့်တော့ မိုးထိမတတ် တိုက်တာတွေကြားက ပုဇွန်ဆီရောင် ကောင်းကင်ကို မြင်နေရတယ်။

ENDWhere stories live. Discover now