အငိုတိတ်သွားတဲ့ အစ်မဟာ ဆိုဖာပေါ်မှာ မျက်လုံးတွေကို မှိတ်ချထားရင်း မှီထိုင်နေသည်။
ဘာကိစ္စများ ဖြစ်ခဲ့လို့လဲ ဆိုတာ မင်ဂျောင်း မမေးဖြစ်သေးပါ။ အပြင်က ပါဆယ်ဘူးတွေကို နှစ်ခါခွဲသယ်ပြီး ဧည့်ခန်းထဲ နေရာချရသည်။
ပြီးတော့ မီးဖိုထဲ ၀င်ကာ အစ်မစိတ်ငြိမ်ဖို့ တစ်ခုခု ရှိမလား ရှာရသည်။
ရေနွေးအိုး အရင်တည်ထားပြီး ရလာတော့ ရှာတွေ့ထားတဲ့ လက်ဖက်ရည်ထုပ်ကို ဖန်ခွက်ထဲ စိမ်လိုက်သည်။စားပွဲပေါ်မှာ လက်ဖက်ရည်ခွက်ကို အသာအယာတင်တယ်။
အစ်မ မျက်လုံးတွေ ပွင့်လာတယ်။"ဆောရီး မင်ဂျောင်း အစ်မ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်နေလို့"
ထဖို့ပြင်နေတဲ့ သူ့ပုခုံးတွေကို အသာအယာ ဖိကိုင်ရင်း ထိုင်စေမိတယ်။
"အားနာစရာ မလိုပါဘူး။ ညီမလက်ဖက်ရည်လုပ်လာခဲ့တယ်။ အရင်ဆုံး သောက်လိုက်ပါအုံး"
ဂျီမင်းလက်ထဲ ခပ်နွေးနွေး လက်ဖက်ရည်ခွက်ကို ထည့်ပေးလာသည်။အဲ့နောက် ဘေးမှာ မင်ဂျောင်းက ၀င်ထိုင်တယ်။
လက်ဖက်ခြောက်ထုပ်ကို စိမ်ထားတဲ့ လက်ဖက်ရည်ခွက်ကို အကြောင်းမဲ့ ငေးမိသည်။ အေးစက်နေတဲ့ ဂျီမင်းလက်ဖျားတွေ ခွက်ရဲ့ အပူငွေ့ကြောင့် နွေးထွေးလာတယ်။
"အစ်မ အဆင်ပြေရဲ့လား"
နူးညံ့ပြီး စိတ်ပူနေတဲ့ မင်ဂျောင်းရဲ့ မေးသံ။
သူ့လေသံတိုးတိုးက ဂျီမင်းကို ငိုစေချင်လာတယ်။ခေါင်းကို ငုံ့ချရင်းနဲ့ဘဲ ခေါင်းညိတ်အဖြေပေးမိသည်။
တကယ်က မပြေပါ။ ဂျီမင်း နည်းနည်းလေးမှ အဆင်မပြေပါ။လက်ဖက်ရည်ခွက်ကို မသောက်နိုင်။
စားပွဲပေါ် ပြန်တင်လိုက်ပြီး.."မင်ဂျောင်း အချိန်တွေကို လုယူမိပြီ။ အစ်မအဆင်ပြေတာမို့ ပြန်လို့ ရပါပြီ"
အစ်မအပြုံးဟာ ခပ်ဖျော့ဖျော့။မင်ဂျောင်းကို အနုနည်းနဲ့ နှင်တာပါဘဲ။ ဒါပေမယ့် မင်ဂျောင်း မသွားချင်သေးပါ။ စိတ်ပူသည်။ မျက်စိအောက်က အပျောက်မခံလောက်အောင် အခုချိန်မှာ စိတ်ပူနေသည်။
![](https://img.wattpad.com/cover/303312397-288-k142389.jpg)