Chapter 17

214 41 0
                                    

အပိုင်း(၁၇) : Promenade Hotel(၁၇)

ပန်းချီဆရာသည် စတူဒီယိုအနှံ့ပျံ့နှံ့နေသည့် မီးလျှံများကြားမှ လမ်းလျှောက်ထွက်လာနေပြီး မီးတောက်များသည် ပန်းချီကားထဲမှ လူများ၏အောက်ခြေအနားထိ စွဲထင်သွားပုံပင်။ အမျိုးသမီးများ၏ အလန့်တကြား စူးစူးဝါးဝါးအော်သံနှင့်အတူ ပန်းချီဆရာ၏ဒေါသထွက်နေသော ဟိန်းဟောက်လာသည့်အသံကြီးပါ ရောနှောထွက်ပေါ်လာသည်။

ယန့်မင်ကွမ်းသည် မီးတောက်များ တဖြည်းဖြည်းကူးစက်သွားသော စတူဒီယိုခန်းထဲသို့ သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ကာ : “မင်းက စတူဒီယိုခန်းကို မီးရှို့လိုက်တာပဲ”

ကောင်းမင်သည် ဆွံ့အနေသည့် အနေအထားမှာပင် ရှိနေသေးသည်။

ကံကောင်းစွာဖြင့် ယန့်မင်ကွမ်းသည် လျင်မြန်စွာ သတိဝင်လာပြီး သူတို့နှစ်ယောက်သည် ကောင်းမင်အား ဆွဲကာ အခန်း ၁ ထဲသို့ တစ်ဟုန်ထိုးပြေးသွားကြသည်။

ယန့်ဝေသည် လေးလေးနက်နက်ပြောလာခဲ့သည် : “ငါတို့အားလုံး မှားနေကြတာ ကစားပွဲအစမှာကတည်းက ကစားသမားအားလုံး လှည့်စားခံနေကြရတာ။ ဒီကမ္ဘာမှာ ပန်းချီဆရာက အန္တရာယ်အရှိဆုံး အရင်းအမြစ်မဟုတ်ဘဲ မြေအောက်ထပ်မှာ ငါတို့တွေ့ခဲ့တဲ့ အမျိုးသမီးဆရာဝန်ရဲ့ အရိုးစုကပဲ....”

အစကတည်းကပင် ဟိုတယ်၏နောက်ခံရှုခင်းသာမက ပန်းချီကားတို့ကပါ ကစားသမားများအား လှည့်ဖျားခဲ့သည်။

သူတို့သည် ပန်းချီဆရာနှင့် ပန်းချီကားများ၏ အကြောင်းကိုသာ ကြားထားပြီး စင်္ကြံတစ်လျှောက်တွင် ပန်းချီကားအများအပြား ဖြန့်ကျက်ထားသောကြောင့် ဟိုတယ်ဧည့်ခန်းသို့ရောက်သည့်အချိန်မှစ၍ ယန့်ဝေသာမက လူတိုင်း၏အာရုံသည် ပန်းချီကားများတွင်သာ ရှိနေသည်။

သို့သော် သူတို့သည် အရေးကြီးဆုံးအချက်ကို သတိမမူခဲ့မိကြပါ... ဟိုတယ်တစ်ခုလုံးတွင် ပန်းချီများအပြင် မှန်အမြောက်အမြားလည်း ရှိနေခဲ့သည်။

ဟိုတယ်သည် သူတို့အား လှည့်ဖြားခဲ့သော်ငြား သဲလွန်စများ ချန်ထားလျက်ရှိသည်။ သေဆုံးသွားသော ကစားသမားအားလုံးသည် မျက်လုံးဖောက်ထုတ်ခံရသောကြောင့် သေဆုံးသွားပုံပေါ်သော်လည်း အစောင့်သည် သူတို့အား ထိုသို့ မဆက်ဆံခဲ့ပါ။ ထိုဟာသည်ပင် သဲလွန်စဖြစ်လေသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now