🍓 & 🚬 " 42"

1.2K 210 69
                                    

" အဲတော့ ဒီအပြစ်ကို ကျေအောင်
ဘယ်လို ပေးဆပ်ရမှာလဲ ။ "

" ကွာရှင်းပေး ။ "

" ဆုတောင်းလေ !!
" အဟက် ဟာသတွေ အရမ်းပြောတာပဲ "

ဂျောင်ဂု ဆော့ဂျင် ပြောတဲ့ စကားကို
မထီမဲ့မြင် ပုံစံနဲ့ ပုခုံးတွန့်ရင်း ပြန်လည်
ချေပသည် ။ ကွာရှင်းဖို့က လွဲပြီး မပြော
တတ်တဲ့ ကင်မ်ဆော့ဂျင် ကို သူ ဒီနေရာ
မှာပဲ တစ်ခုခု လုပ်လိုက်ရမလား ။

" ဘာလို့ ကတိမတည်တာလဲ ခင်ဗျား
ယောင်္ကျား မဟုတ်ဘူးလား ဟမ် !
ကိုယ်ပြောပြီးသား စကားကို
ကိုယ်တာဝန်ယူမှုရှိရမှာပေါ့ ကျုပ်တို့
အတူတူ သဘောတူခဲ့တဲ့ ကိစ္စ ....

" ahh !! မေ့လိုက်တော့ !!
ကတိဆိုတာ မရှိဘူး ရှိခဲ့လည်း
မသိချင်တော့ဘူး ။ အခု ကွာရှင်းမယ်
ဆိုတဲ့ စကားကို ဆက်ပြောမလား
ဝတ်လက်ဆ အင်္ကျီကိုပဲ ဆက်ဝတ်မလား
စကားပဲ ဆက်ပြောနေမယ်ဆိုရင်တော့
ဝတ်ထားတဲ့ ဘောင်းဘီပါ ဆက်ရှိနေဖို့
တာဝန်မယူတော့ဘူးနော် ... ‌
! ... ဟင် "

ထို့နောက် ဂျောင်ဂုက အသံထွက်ရုံ
အသည်းယားဖွယ်ပုံစံလောက်သာ
တောက်ခ်ကိုအသံမတိုးမကျယ်
ခေါက်ပြီး နှုတ်ခမ်းကို လျှာနဲ့
သပ်ပြရင်း လက်ကလည်း ဆော့ဂျင်
မျက်နှာအဖြူလေးပေါ်သို့ကူးလွန့်
ပွတ်သတ်လိုက််သည် ။

" ဘာဖြစ်ချင်လဲ အယ်ဂီ ကြိုက်တာရွေး ...

" ခင်ဗျား ခြိမ်းခြောက်တိုင်း
ကြောက်မယ် ထင်နေတာလား ။
ယောင်္ကျား မပီသတဲ့လူ ! "

" အိုး ... မယုံရင်လည်း စမ်းကြည့်လေ
မင်း ယောင်္ကျားက ဘယ်လောက်တောင်
ယောင်္ကျားပီသလည်း ဆိုတာ အယ်ဂီ
ကောင်းကောင်း သိပါတယ် ဟက် ! "

ဂျောင်ဂု ရဲ့ မြောက်ကြွကြွ စကားကြောင့်
ဆော့ဂျင် မျက်စောင်း ထိုးလိုက်ကာ
တစ်ဖက်သို့ လှည့်လိုက်သည် ။ လူကို
လည်း ကလေးလေး ( အယ်ဂီ အယ်ဂီ ) နဲ့
မုန်းစရာလူ !

"ကလေးလေးက နှာချေးတွဲလောင်းဖြစ်
အောင် ငိုချင်လို့ ဒီလို မထိတထိ စိန်ခေါ်
နေတာလား ဟမ် ... အခုပဲ ပြပေးရမလား
ဟင်း ... "

" အရှက်မရှိတဲ့ စကားတွေ ပြောနေတာ
တော်လိုက်တော့ ကျွန်တော့်အခန်းထဲက
အခု ထွက်သွား ! "

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now