🍓 & 🚬 " 40 "

1.2K 183 53
                                    

ဂျောင်ဂု ကင်မ်ဆော့ဂျယ်ရဲ့ ဒဏ္ဍာရီကို
ဖတ်နေရင်း အနောက်က ကင်မ်ဆော့ဂျင်
ရောက်လာလေသည် ။ ဂျောင်ဂု ကတော့
ညီအစ်ကို နှစ်ယောက်ပုံကြောင့်ရော
သူ မသိခဲ့တဲ့ အမှန်တရားတွေ အတွက်
ရော မျက်ရည်များ ကျနေလေသည် ။

ဆော့ဂျင် ကျောပေးထားသော ထိုသူ
ရဲ့ နောက်ကျောကို ကြည့်ကာ လက်သီး
ကို တင်းတင်း ဆုပ်ထားလိုက်သည် ။
ဆော့ဂျင်ရဲ့ မျက်နှာပေါ်က ရာသီဥတုဟာ
လည်း ခန့်မှန်းရခက်၏ ။ ထို့နောက် နာကျင်မှု၊
အဖြစ် မြိုသိပ်ထားရသမျှကို စကားလုံးတွေအနေနှင့် ထုတ်ဖော်ပြောကြားရန် ပထမဆုံး စကားကို စလိုက်သည် ။

”ကိုကို့ မျက်ရည်တွေနဲ့ ရေးထားတဲ့
စာတန်းတွေက ဘယ်လိုလဲ ဖတ်လို့မှ
ပျော်စရာ ကောင်းရဲ့လား ။ ”

” ဆော့ဂျင် ! ”

” ဟုတ်ပါတယ် ကင်မ်ဆော့ဂျင် ပါ ။ ”

” ....... ”

ဂျောင်ဂု ဆော့ဂျင်  အသံကြားတော့
လက်ထဲကဒဏ္ဍာရီ စာအုပ်တွေကို
ကိုင်လိုက်ကာ အနောက်သို့လှည့်လိုက်သည်။
လှည့်လိုက်တော့အနောက်နံရံမှာ မှီပြီး
လက်ပိုက်ကြည့်နေသော ဆော့ဂျင်နှင့်
တိုးတော့၏ ။

သူ ဂျောင်ဂုကို ဒီအကြောင်းကို ပေးသိ
ချင်လို့ ဒီအခန်းထဲ ဝင်မှာသိပေမယ့်
သူမတားခဲ့တာ ။ အရာအားလုံးဟာ
အဆုံးသတ်ချိန်တန်ပြီ ... ။

” အမှန် မဟုတ်ဘူး မလား ။ ”

” အမှန်ပါပဲ ။ ”

ဂျောင်ဂု မျက်ရည်တွေ ကျရင်းသာ
စကားဆက်နိုင်တော့သည် ။ ပြောနေပေမဲ့
ထင်သလောက် ပြောမထွက် ။ လိုရင်းကို
မရောက်နိုင် ။ ဆော့ဂျင် ကတော့ ခပ်သာသာ
ပါပဲ ။

” ကျွန်တော်က ခင်ဗျားသိပ်ချစ်ပါတယ်
ဆိုတဲ့ ခင်ဗျားအချစ်ဦး ယောင်္ကျားရဲ့
အမြွှာညီပဲ ။ ခင်ဗျား သိလား ကိုကိုနဲ့
ကျွန်တော့်ရဲ့ အသက်ကွာခြားချက်က
သုံးမိနစ်ထည်းရယ် ... ။ ပြီးတော့
ခင်ဗျား ကိုကို့ကို သိပ်ချစ်ခဲ့တာနော်
ခင်ဗျား စဥ်းစားကြည့်ပါလား ခင်ဗျား
တောင် ကိုကို့ကို ဒီလောက်ချစ်ခဲ့ရင်
ကျွန်တော်ကရော သုံးမိနစ်ပဲ ခြားတဲ့
ကျွန်တော့် အစ်ကိုကိုဘယ်လောက်
ချစ်လိုက်လိမ့်မယ်လို့ ထင်လဲ ! ”

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now