🍓 & 🚬 "27"

1.6K 228 107
                                    

"Hello  သခင်မကြီး ။"

" ဗျာ .... ဆော့ဂျင်က ဘာဖြစ်လို့လဲ !!
ဘယ်လို  !! မူးလဲသွားတယ် ဟုတ်လား ။ "

" အာ ...  ဟုတ် ဟုတ် ကျွန်တော် အခု
လာခဲ့ပါ့မယ်။ ကင်မ်အိမ်တော်ကို ချက်ချင်း
လာခဲ့ပါ့မယ်။ "

ဂျောင်ဂု သခင်မကြီး ဆီက ဖုန်းရပြီးတာနဲ့
ချက်ချင်း ကင်မ်အိမ်တော်ကို ပြေးရန်ပြင်
တော့သည်။ သူ့ စိုးရိမ်စိတ်တို့က ကြီးလာသည်။
ညက အရှိန်တွေကြောင့်များလား !!
နေမကောင်းဘူးလား ။ အရမ်း စိုးရိမ်ရလား ။
မူးလဲ တဲ့အထိ ဆိုတော့ ...

" ဂျွန် ...  ငါပါ လိုက်မယ် ။ ! "

သူပစ္စည်းတွေ ကမန်းကတန်း သိမ်းရင်း
ထွက်ဖို့ လုပ်တော့ ဟာနာကလည်း သူနဲ့
အတူ လိုက်ရန် ပြောလာသည်။

" မြန်မြန် သွားရအောင် ။ "

ထို့နောက် သူနဲ့ ဟာနာ ကင်မ်အိမ်တော်သို့
သွားရန် ကားကို အမြန်မောင်းကာထွက်ခဲ့ကြသည်။
    
 
          ~~~~~

” ကျေနပ်ပြီလား ”

” ဟွန်း  ”

သခင်မကြီးကင်မ်က ဖုန်းကို ကိုင်ရင်း ဆိုဖာပေါ်
ထိုင်နေတဲ့ သားတော်မောင် ကို လှမ်း‌မေးသည်။
ဆော့ဂျင်ကတော့ ကျေနပ်သလို ဖွဖွ ရယ်နေရင်း
ဘာမှ မပြောလာခဲ့။

ကင်မ်ဆော့ဂျင် နဲ့ တွေ့ရင် သခင်မကြီးလည်း
ခိုင်းတာ လုပ်ရတာပါပဲ ။

" ဘာလို့ ဘာမှလည်း မဖြစ်ပဲနဲ့ သူများကို
ဖုန်းဆက်ဒုက္ခပေးရတာလဲ သားငယ်။
သမက်ဂျွန် ခမျာ မင်းကို စိတ်ပူပြီး လန့်သွား
ပုံပဲ။ ဘာဖြစ်လို့ အဲလောက် ဆိုးသွမ်းနေရတာလဲ။"

" မေမေ မသိပါဘူးဆို ။ "

သခင်မကြီး အမေးကို ဆော့ဂျင်က
ဒီတိုင်း ပေါ့ပေါ့လေး ပြောသည်။
အေးလေ သူ့ရဲ့ အကြံစည်တွေကလည်း
သူများကို လိုက်ပြောပြလို့ မဖြစ်နေဘူးမလား။

" အေးလေ မသိလို့ ဘာလဲ ဆိုတာ ပြောပြလေ။
မဟုတ်မှ နှစ်ယောက်သား ရန်ဖြစ်လာကြတာလား။"

" အဲလို မဟုတ်ပါဘူးနော် ။"

ဘာမှ မသိပဲ ကောက်ချက်ပေးနေတဲ့ မေမေ့ကို
သူမရှင်းပြတတ်။ အမှန်တရားကို ဘယ်လိုပြော
ပြရမှာလဲ ။

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now