🍓 & 🚬 "15"

1.7K 196 86
                                    


နမ်းနေရင်း တုန့်ပြန်မှုအား မခံစားမိတော့ ၊၊
ထို့ကြောင့် ရင်ခွင်ထဲက လူသားအား တစ်ချက်
စစ်ဆေးသလို ကြည့်လိုက်တော့ ငြိမ်သက်နေပြီ၊၊

အိပ်နေတယ်၊ နမ်းနေရင်း အိပ်ပျော်သွားတယ်ပေါ့ ၊၊ သိပ်တော့ မယုံချင်၊၊ ထိုလူက သိပ်ပြီး
ညဏ်များသည် မဟုတ်လား ၊၊ လွယ်လွယ် ယုံပေးလိုက်ရအောင် လည်း ဂျွန်ဂျောင်ဂု က သူငယ်နှပ်စား လေးမဟုတ်၊၊ ထို့ကြောင့်
နည်းနည်း ထပ်စကြည့် ရန် ပြင်လိုက်သည်၊၊

ဖယ်ခွာထားသော အကွာအဝေးမှ တစ်ဖြည်းဖြည်းတိုးကပ်ကာ ထပ်ပြီး ထိတွေ့
ရန် ပြင်လိုက်တော့တစ်ခြားတစ်ဖက်သို့လည်ထွက်သွားတဲ့ ဦးခေါင်း !!
ဒါဟာ အိပ်ပျော်နေတဲ့လူ တစ်ယောက်လား ? ၊၊ သေချာပါတယ် ဒါသက်သက် ဟန်ဆောင်ကာ
မူပိုနေတာ ၊၊

ညစာလည်း မစားရသေးဘူး မဟုတ်လား ၊၊
ဆေးတွေလည်းသူအတင်းတိုက်ထားသေးတယ်၊၊
ထို့ကြောင့် ထပ်မစရန် ဆုံးဖြတ်လိုက်သည်၊၊
ဒါပေမယ့် မစချင်တော့လို့လား ဆိုတော့လည်း
ဒါလည်း မဟုတ်ပြန်ဘူး ၊၊ ဘာလို့ အနားမှာ အရမ်းကပ်နေချင်ရတာလဲ သူ့ကိုယ်သူဆန်းစစ် ရန်တော့လိုပြီ ၊၊

မဟုတ်ပါဘူး ကင်မ်ဆော့ဂျင် ကို စ ရတာ
ပျော်စရာ ကောင်းလို့ပဲ ဖြစ်မှာပါ ၊၊ ဒါဟာ သူ
လူတစ်ယောက် အပေါ် အကြာကြီး ကြာမှ ထပ်ပြီးလုပ်ဖြစ်ခဲ့သည့် ကလေးကလား လုပ်ရပ်ပင်၊၊
အရင် အချိန်များတုန်းက သူဟာ ဘေးကလူ
ကြည့်ရင်တောင် ထွက်ပြေးချင်စရာ အထိ မျက်နှာကြောက အရမ်းတင်းမာပြင်းထန်ခဲ့တာ၊၊
အခုက ပေါတောတောတွေ လုပ်မိနေတာပဲ ၊၊

" အိုက်ဂူးးး !! စိတ်ပျက်လိုက်တာ "

ရင်ခွင်ထဲက အိပ်ချင်ယောင်ဆောင်နေသော
ထိုလူသားအား ကုတင်ပေါ်သို့ အသေအချာ
ချသိပ်လိုက်သည်၊၊ စောင်ခြုံပေးရန် စောင်ကို
ဆွဲအယူ ခြေထောက်က သွေးစလေးတွေအား
သတိထားမိပြန်သည်၊၊ ထို့နောက် တစ်ခါတည်း
ဆေးထည့်ပေးရန် ပြင်လိုက်သည်၊၊

ဘာလို့ ခေါင်းမာရတာပါလိမ့် ၊၊ တစ်သက်နှင့်တစ်ကိုယ် ဒီလောက်ခေါင်းမာတဲ့
လူတစ်ခါမှ မတွေ့ဖူးသေးဘူး ၊၊ ဟူး ....
မင်္ဂလာဦး ဓာတ်ပုံ ချိတ်တာ မကြိုက်ဘူးလား
ဒါဆိုလည်း ထပ်ချိတ်ရအုံးမှာပေါ့လေ ၊၊
ဒါမှ မင်းကို ငါ့လက်ထဲမှာ ထည့်သိမ်းထားရတဲ့
အကြောင်းပြချက် မေးလာရင် သေသေချာချာ
လေး ပြောပြလို့ ရမှာ သခင်လေးကင်မ် ၊၊
ဒါမှ မင်း ထွက်ပြေးလို့ မရမှာ ၊၊
မင်းကို ချည်နှောင်ထားလို့ ရမှာ ၊၊

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now