🍓 & 🚬 "18"

1.4K 200 34
                                    


" Jay ညကြ ကျွန်တော် တို့တွေ့ကြမလား ၊၊ "

စားရင်း ကနေ Ken သည် Jay အားကကြည့်၍
မေးလာသည်၊၊ကင်မ်ဆော့ဂျင် ကိုကြည့်လိုက်တော့ ကြောင်ကြောင်တောင်တောင်နှင့်သာ
ကြောင်ပြီးကြည့်နေသည်၊၊

ဟက် သူဘယ်ဖြေရဲ မလဲ ၊၊ တကယ်လည်း သတ္တိ
ရှိရင် လက်ခံလိုက်လေ ၊၊

" ဘာလို့လဲ Jay မအားဘူးလား ၊၊ "

သူ့အား အဖြေပြန်မပေးသော Jay အား ထပ်မေး
လိုက်သည်၊၊

" ဘယ်ဆိုင်ကို ရွေးရရင် ကောင်းမလဲ စဥ်းစားနေတာ Ken "

" အာ ... ကျွန်တော်က ငြင်းမယ် ထင်နေတာ
တော်ပါသေးတယ် ဟ ဟ !! ကျေးဇူးပါ Jay "

" ရပါတယ် ၊၊ "

မထင်မှတ်ထားသော ဆော့ဂျင် အဖြေကြောင့် ပြုံးလာသူမှာ Ken ဖြစ်သည်၊၊ Ken က ကျေးဇူး တင်စကား ပြောကာ ရှက်သွေးသမ်းကာ ရယ်သည် ၊၊

ဖြစ်နိုင်တာ တစ်ခုလည်း ရှိသေးသည် ထိုက....
ဂျွန်ဂျောင်ဂု အား လှောင်ချင်တာ ...

" ဂွက် !! "

ရေထည့်ထားသော ဖန်ခွက် အတွင်းမှ ရေများ မော့သောက်ပြီး စားပွဲခုံပေါ်သို့ဂွက်ခနဲ အောင်
‌‌ဆောင့်ချလိုက်သည်၊၊ ထိုအသံသည်ဂျောင်ဂု ဆီက .... ပါးစောင် တွေအားလည်း
လျှာဖြင့် ထိုးကာ မကျေနပ်တော့ကြောင်းအား
တိုးတိုး တစ်မျိုး ကျယ်ကျယ် တစ်မျိုး ပြနေသည်၊၊

ဆော့ဂျင် သူ့ဘေးနားက ပါးစောင်တွေကို လျှာ
ဖြင့်ထိုးပြီး မကျေမနပ်ဖြစ်နေသည့် ထိုလူအား
ကြည့်နေမိသည် ၊၊ သူ သိတာပေါ့ ဂျွန်ဂျောင်ဂု
ဘာဖြစ်နေလဲ ဆိုတာ ! သူကလည်း ဘာလဲ ဆိုတာမမေ့စေချင်ဘူး ၊၊ မလုပ်စေချင်ရင် ပိုလုပ်ချင်တာလည်း သူ့အကျင့် ! မလုပ်ချင်စေသည့် သူက ဂျွန်ဂျောင်ဂု မို့ ပိုပြီးတော့ကို လုပ်ချင်သည်၊၊

Ken ကိုလည်း စိတ်မဝင်စားပါ ၊၊ တွေ့ရန် လက်ခံလိုက်တယ် ဆိုတာလည်း အပို ဖြစ်သည်၊၊
ဂျောင်ဂု စိတ်တိုအောင် သူ သက်သက် ပြောလိုက် ခြင်းသာ ၊ တစ်ကယ်တော့ သူ တွေ့ချင်တာ
Jack နဲ့ပါ ၊၊ သူ့ သူငယ်ချင်း နဲ့ တွေ့ချင်နေတာ
ဖြစ်သည်၊၊

" IG account လေး ကျွန်တော့်ကို ပြောပြပါလား Jay ! ကျွန်တော် တို့ အချင်းချင်းလည်း သူငယ်ချင်း ဖြစ်ပြီဆိုတော့ အဆက်အသွယ်
ရှိသင့်တယ် ၊ အဲ့ကနေ ကျွန်တော် တို့ ဆက်သွယ်
လို့ ရတာပေါ့ ၊၊ "

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now