🍓 & 🚬 "24"

1.6K 226 78
                                    

"ကင်မ်ဆော့ဂျင် ဆေးသောက်ဖို့ "

ဒီည တစ်ညပြီးရင် သူတို့ ဆေးရုံက ဆင်းလို့ရပြီ ဖြစ်သည်၊၊ ကင်မ်ဆော့ဂျင် လည်း ပြန်ပြီးနေလို့ ကောင်းလာပါပြီ၊၊ အရင်လိုလည်း ပြန်ပြီး ပြော
ရဆိုရခက်နေပြီ၊၊ အပြည့်အဝ ကောင်းလာရင်တော့အရင်လို အကြောပြန်တင်းတော့မှာပင်၊၊

ဒီရက်အတွင်း Jack ရော လီဟန်ရော ခဏခဏ လာကြည့်သည်၊၊ ဆော့ဂျင်ကတော့ ဆေးရုံမှာ
နေရတာ ငြီးငွေ့နေပြီတဲ့လေ ၊၊ ဒေါက်တာသူ့ကို
လာစစ်ဆေးတိုင်း သူကောင်းနေပြီ ဖြစ်ကြောင်း
အိမ်ပြန်ချင်ကြောင်းသာ ပြောလေ့ရှိတာ ၊၊

" ဆော့ဂျင် ဆေးသောက်ဖို့လို့ ..."

သူ့ကို ကျောပေး အိပ်နေပြီး မကြားချင်ယောင် ဆောင်နေတဲ့ ကင်မ်ဆော့ဂျင်ကို သူနောက်
ကျောဘက်ကနေ တိုးပြီး ထပ်အော်လိုက်
တော့ ချက်ချင်းငုတ်တုတ်ထထိုင်လာသည်၊၊

" မသောက်ချင်ဘူး ၊၊ ခါးတယ် ၊၊ !!"

ရှုတင်းတင်း ကြည့်ကာ အသံတစ်မျိုးဖြင့်
အရင်ပြော၏၊၊

" မကောင်းမကန်း အဲဆေးတွေ မသောက်ချင်
ပါဘူး ခင်ဗျားရယ် !၊၊"

အားလုံးကို စိတ်ကုန်နေဟန် အသံတစ်မျိုး
ဖြင့်ထပ်၍ ဆိုပြန်သည်၊၊ တကယ်ပဲ သူ့ကို
သေမဲ့ဆေးတိုက်နေတာကျလို့
အိုက်ဂူး !! စိတ်ညစ်တယ်...

" ဆေးပါဆို ခါးမှာပေါ့ ၊၊ ဘာလို့ ခေါင်းမာလာ
ရပြန်ပြီလဲ !! အဲမကောင်းမကန်း ဆေးတွေကပဲ မင်းကို နေကောင်းအောင် လုပ်ပေးနေတာလေ သိရဲ့လား !!"

" ဘာနေနေ မသောက်နိုင်ဘူး ၊၊!!"

ကင်မ်ဆော့ဂျင်က ချက်ချင်း လက်ပိုက်ကာ တစ်ဖက်လှည့်သွားသည်၊၊ဒါမှကင်မ်ဆော့ဂျင်
အစစ်လေ ၊၊ ပြောမကောင်း ဆိုမကောင်း
ကမှသူ့ပုံစံ အစစ်၊၊ ဒါပေမဲ့ ဒီတစ်ခါက အရင်တစ်ခါတွေနဲ့ ဘယ်လိုပြောရမလဲ အမ်း ဘယ်
လိုပြောရမလဲမတူသလိုကြီး ဒီတစ်ခါ စကား
နားမထောင်တာက ပိုချစ်စရာ ကောင်းနေ
သလားလို့လေ ၊၊

" မရဘူး သောက်ရမယ် ၊၊ ဒီတစ်ကြိမ်ပဲ
သောက်ရတော့မှာ နောက်ကို မသောက်ရ
တော့ဘူးတဲ့ !! ဒေါက်တာက မှာလိုက်တာ ၊၊"

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now