Chapter-4

1K 168 24
                                    

Who is Sean?


ရိုက်ကူးရေး နောက်ဆုံးနေ့ ဖြစ်သည်။ အဓိက အကျဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးရမည်ဆိုလဲ မမှား။ ဇာတ်ဝင်ခန်းမှာ 'ဂျင်' ကို ဖန်းရွေ့က အဆောက်အုံပျက်များထဲမှာ ရှာတွေ့ပြီး ဖမ်းမိသောအခန်းဖြစ်၏။ ကျန်းဟောင့်မျက်နှာပေါ်တွင် အနီရောင်၊ ခရမ်းရောင်များကို အသုံးပြု၍ ချယ်သထားသော အထိုးခံထားရသည့် မိတ်ကပ်ပြင်ဆင်ချက်များ ရှိနေသော်လည်း ထိုဒဏ်ရာအတုများကြောင့် လူကပို၍ ဆွဲဆောင်မှုရှိနေသလို။ အထူးသဖြင့် နှုတ်ခမ်းထောင့်မှ အနည်းငယ်စီးကျနေပုံ သွေးစက်များနှင့် နှုတ်ခမ်းတစ်စုံက အနုပညာဆန်၏။

" ကျန်းဟောင့်လောင်ရှီး ဖုန်းလာနေတယ် "

နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သလို ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အခန်းလဲဖြစ်တာကြောင့် ကျန်းဟောင့် မနက်ထဲက တောက်လျောက် ဖုန်းကို မန်နေဂျာထံအပ်ထားပြီး ဇာတ်ကောင်ထဲ၌ လုံးလုံးနစ်မြုပ်နိုင်ရန် အာရုံစိုက်ထားလျက်။

"ထပ်ပြီး သူပဲလား" ထို 'သူ'ဆိုသည်မှာ ဆောင်းဟန်ဘင်းကလွဲပြီး တစ်ခြားသူ မဖြစ်နိုင်။

"အခါ ၂၀ ကျော်နေပြီ တကယ်ပဲမကိုင်လို့ ဖြစ်ပ့မလား"

မန်နေဂျာဖြစ်သူက ဆောင်းဟန်ဘင်းမှာ သူ့ချစ်သူမဟုတ်ပဲ သူဌေးဖြစ်နေတာကြောင့် ကြောက်ရတာ မဆန်းပါပေ။

"ကျွန်တော့် ဖုန်းကိုပါ ဆက်နေပြီ ဘယ်လိုလုပ်ရမလဲ"

ကျန်းဟောင့် ရိုက်ကွင်းခဏနားတုန်းဖြစ်၍ နားနေခုံ၌ထိုင်၍ စောစောကရိုက်ထားသည့်အခန်းမှ ဇာတ်ရုပ်ကိုမထွက်သွားစေရန် မျက်လုံးမှိတ်ပြီး အနားယူနေတုန်း စိတ်ရှုပ်စရာကောင်းသည့် ဖုန်းမြည်သံတွေကြောင့် မျက်ခုံးတွေတွန့်ချိုးလိုက်ရင်း " ညနေပြီးမဲ့အချိန်ကို သူ့ကိုပြောလိုက် ပြောပြီးဖုန်းချလိုက် " လို့ စိတ်မရှည်စွာ ပြန်လည်ဖြေကြားပေးလိုက်သည်။

"ဂျင်" မှာတော်တော်လေးထူးခြားသည့် ဇာတ်ကောင်ဖြစ်သော်လည်း ဇာတ်လိုက်မင်းသားမဟုတ်သည့်အတွက် ဇာတ်လိုက်၏ အနိုင်ယူခြင်းခံရမှာက "ဂျင်" ကာရိုက်တာ၏ကံကြမ္မာပင်။ ဇာတ်ကောင်ရဲ့စရိုက်အရ ဖန်းရွေ့ဖြစ်သော ဇာတ်လိုက် လက်တွင်ဖမ်းမိသည့်ခဏ ဂျင်ဟာ ပထမဆုံး မိမိကိုယ်ကို အပြစ်တင်မိမှာဖြစ်သည်။ သို့သော် ထိုသူက ဘယ်တော့မှ တခြားလူလက်အောက်၌ လိမ်လိမ်မာမာလေး အဖမ်းခံမည့်သူမဟုတ် ဖန်းရွေ့စိတ်ကို စကားလုံးများနှင့် တတ်နိုင်သမျှ ကစားအုံးမှာဖြစ်၏။ မှန်ပါသည် ဂျင်ဟာ ဇာတ်လိုက်လောက် အရေးပေးမခံရပေမဲ့ တော်တော်လေးဉာဏ်ပြေးသည့် cameo ဇာတ်ကောင်ဖြစ်၏။ ကျန်းဟောင့်မှာ အဓိကကျသည့် ဖန်းရွေ့စိတ်ကိုအမှောင်ဘက်သို့ ဦးတည်စေရန်အတွက် ရည်ရွယ်ပြီး ပြောရမည့် ဒိုင်ယာလော့များကို ပြီးပြင်အောင်ပြောနိုင်ရန် တော်တော်လေးစိတ်နှစ်ထား၏။ ဒါကျန်းဟောင့် နှစ်နှစ်ကျော်ကြာပြီးမှ ပြန်လည်ရိုက်ကူးသည့် ရုပ်ရှင်ဖြစ်၍ မျှော်လင့်စောင့်စားသူများမှာ တော်တော်များမှာဖြစ်သလို ထိုထဲမှတစ်ဝက်လောက်ကလဲ အပြစ်ပြောဖို့ စောင့်နေကြသူများ ဖြစ်မှန်း ကျန်းဟောင့်သိပြီးသားပင်။ ထို့ကြောင့် ပြည့်စုံနေပြီးသားဖြစ်သည့် သူ့၏ သရုပ်ဆောင်ခြင်းကို ထပ်မံအထူး ထပ်၍ဂရုစိုက်လျက်။

𝐘𝐨𝐮_Where stories live. Discover now