Chapter-1

1.1K 158 15
                                    

နှစ်သစ်ကူးလက်ဆောင်နဲ့ နတ်ဘုရားရဲ့အိမ်ပြန်လမ်း

တရုတ်ပြည်တစ်ပြည်လုံးဟာ ဖြူဖွေးတဲ့နှင်းတွေ၊ အနီရောင်အလှဆင်စက္ကူများ၊ မီးပုံးများဖြင့်စည်ကားလျက်။ နှစ်သစ်ကူးပိတ်ရက်ရှည်ဖြစ်တာကြောင့် အိမ်တိုင်းတွင် မိသားစုစုံစုံလင်လင်ဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိပြီး တံခါးဝများတွင်လဲ 'စီးပွါးလာဘ်လာပများ တိုးပွါးပါစေ' ဆိုသည့်စာသားများကပ်ထားလျက်။

လမ်းမကြီးအထက်ရှိ စားသောက်ဆိုင်များဟာ ဧည့်သည်များဖြင့် ပြည့်နှပ်နေသည်။ ချစ်သူစုံတွဲတော်တော်များများက လက်ခြင်းတွဲကာ လျှောက်လည်ကြပြီး ဆယ်ကျော်သက်အရွယ် ကလေးများကတော့ သူငယ်ချင်းများစုဝေးပြီး ပျော်စရာအချိန်ဖန်တီးကြသည့် တရုတ်နှစ်သစ်ကူး။ စာအိတ်နီများ ဘယ်သူပိုရလဲပြိုင်ဆိုင်ကြသည့် တရုတ်နှစ်သစ်ကူး။ တခြားပွဲတော်ရက်များနဲ့မတူပဲ ပိုပြီးနွေးထွေးသယောင်ရှိတဲ့ ထိုနှစ်သစ်ကူးပွဲတော်ဟာ ကျန်းဟောင့်အတွက်တော့ သာမန်ထက်မပိုခဲ့။

ရှန်ဟိုင်းမြို့နဲ့အနည်းငယ်အကွာက ဝါကျင်ကျင်အလင်းရောင်ရှိသည့် ခေါက်ဆွဲဆိုင်ထောင့်တစ်နေရာမှာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်ကလူတွေကိုလျစ်လျူရှုပြီး အငွေတထောင်းထောင်းဖြစ်နေတဲ့ ပန်းကန်ထဲကခေါက်ဆွဲတွေကို ဘာခံစားချက်မှမရှိပဲ ပါးစပ်ထဲကိုထိုးသွင်းနေခဲ့တယ်။ ထိုကောင်လေးကြည့်ရသည်မှာ လျှာအပူလောင်မှာကို မစိုးရိမ်သည့်အတိုင်း။

ခေါက်ဆွဲကုန်ခါနီး စားပွဲပေါ်ရုတ်တရက်လာချပေးတဲ့ ဖက်ထုတ်ပန်းကန်ကြောင့် "ကျွန်တော် မမှာထားဘူးဗျ"

"နှစ်ကူးမှာ ဖက်ထုတ်လေးတော့စားမှပေါ့ ခေါက်ဆွဲကြီးပဲစားမနေနဲ့ နှစ်သစ်ကူးလက်ဆောင်လို့သဘောထားလိုက်" ပြောပြီးသည်နှင့် ခေါက်ဆွဲဆိုင်ကအန်တီကြီးမှာ နောက်စားပွဲတွေကို ဝန်ဆောင်မှုပေးရန်အမြန်ပြန်ထွက်သွားသည်။

နှစ်သစ်ကူးလက်ဆောင်တဲ့လား...

ဖက်ထုတ်တစ်ခုကို တူနဲ့အသာယူပြီး ပါးစပ်ထဲအရသာခံကြည့်လိုက်သည်။ စေတနာကြောင့်ဖြစ်ပါလိမ့်မယ် ဒီဖက်ထုတ်ဟာ ကျန်းဟောင့်ဘဝမှာ အရသာအရှိဆုံးဖက်ထုတ်လို့ သတ်မှတ်လို့တဲ့အထိ စားလို့ကောင်းခဲ့သည်။

𝐘𝐨𝐮_Where stories live. Discover now