Chapter-9

1K 147 9
                                    

အလုပ်ခရီး

ယခုလအတွက် လူကြိုက်များသော ရုံတင်ရုပ်ရှင်ဇာတ်ကားများ စာရင်းတွင် ကျန်းဟောင့်၏ ရုံတင်ဇာတ်ကားမှာ ထိပ်ဆုံး၌ရပ်တည်နေ၏။ ဇာတ်ကားထဲရှိ ကျန်းဟောင့်၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးဆွေးနွေးကြသည့်ပိုစ့်များကြား သူနှင့် ဆောင်းဟန်ဘင်း၏ ဆက်ဆံရေးအကြောင်း ပြောဆိုကြသည့် ပိုစ့်နှစ်ခု၊ သုံးခုဟာရောယှက်နေလျက်။

အင်တာနက်အသုံးပြုသူများဟာ ဟိုးယခင်က တရုတ်ပြည်နာမည်ကြီး မင်းသမီးကြီး၏ သားတော်မောင်အကြောင်းကို တဖြည်းဖြည်းစိတ်ဝင်စားလာကြသည်။

"ဝိုး ဆောင်းဟန်ဘင်း ~ fan တွေတောင်ရနေပြီပဲ"

ကျန်းဟောင့်မှာ ဝေ့ပေါ်စာမျက်နှာပေါ်ရှိ သတင်းတွေကို စပ်စုရင်း ဘေးနားရှိက စပျစ်သီးလုံးများနှင့် အလုပ်ရှုပ်နေသည့် ဆောင်းဟန်ဘင်းထံ လှည့်ကြည့်လိုက်သည်။

"အကုန်လုံးက ကျန်းလောင်ရှီးကျေးဇူးတွေပါပဲ"

လက်ထဲရှိစပျစ်သီးကို ကျန်းဟောင့်အား ခွံ့ကျွေးလိုက်ပြီး သူ့ဘာသူ သာသာယာယာ ထိုင်နေသည့် ကျန်းဟောင့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

(A/n: ဒါရေးနေရင်းတန်းလန်းကို bubble မှာကျန်းဟောင့်က စပျစ်သီးခွံ့ကျွေးသွားတာㅠㅠ)

"မြန်မြန်လေး ကျွန်တော်တို့ တွဲနေတယ်ဆိုတာ သိစေချင်နေပြီ။ ဒီလောက် သိသိသာသာရော မသိမသာပါ ထုတ်ပြနေတာကို အခုထိ သဘောမပေါက်ကျသေးဘူးလား?! အထူးသဖြင့် ဟျောင်းကို ဟိုမင်းသားအသစ်နဲ့ ဇွတ်တွေ သဘောတူနေတဲ့ လူတစ်စုကို မြန်မြန်အလင်းဝင်စေချင်ပြီ"

ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့်တို့ တစ်ယောက်ကိုတစ်ယောက် ကလူကျီစယ်နေစဉ်မှာပဲ တီဗီဖန်သားပြင်ပေါ်၌ ကြားဖြတ်သတင်းတစ်ပုဒ် ကြေငြာလာခဲ့၏။ အကြောင်းအရာမှာ နယ်စပ်ဒေသများရှိ ရတနာတူးဖော်သည့် လုပ်ငန်းများကို အခွန်စစ်ဝင်သည့်သတင်းနှင့် ကျီးယန်လုပ်ငန်းများအား ငွေဖြူငွေမဲရောနှောနေမှုများကြောင့် စစ်ဆေးရေးဝင်သည့် ကိစ္စများဖြစ်၏။

𝐘𝐨𝐮_Where stories live. Discover now