Chapter-7

1.1K 140 11
                                    

The Mystery Man


"ဘာလို့ မဖြေရှင်းခဲ့တာလဲ"

ခေါင်းအုံးပေါ်လှဲရင်း ဆောင်းဟန်ဘင်း ကျန်းဟောင့်ထံလှည့်ကြည့်လာပြီး အကြည့်များထဲ၌ သိခြင်စိတ်အပြင် အားမလို အားမရဖြစ်နေသော ခံစားချက်များကို ကျန်းဟောင့် ခံစားမိပါသည်။

"ဘာကိုလဲ ဖြေရှင်းရမှာလဲ"

"သတင်းမှားတွေကိုလေ။ ဟျောင်း မူးယစ်ဆေး သုံးခဲ့တာမှ မဟုတ်ပဲ၊ ပြီးတော့ လုံးဝအဓိပ္ပာယ်မရှိတဲ့ ကိုယ်ဝန်ကိစ္စ၊ ဟျောင်းမှာ သက်သေတွေရှိတာပဲ ဖြေရှင်းချင် ဖြေရှင်းလို့ရတယ်လေ"

ကျန်းဟောင့်၌ အမှန်တကယ်ကို အပြစ်ကင်းကြောင်း သက်သေများရှိ၏။ မူးယစ်ဆေး မသုံးထားကြောင်း သက်သေများလဲ ရှိသလို မိန်းမများနှင့် ပတ်သက်သည့်ကိစ္စမှာ ရှည်ရှည်ဝေးဝေး ရှင်းပြစရာမလို သူ့နောက်ကိုအမြဲလိုက်နေသည့် တရားလွန်(sasaeng) ပရိသတ်များ၏ ဓာတ်ပုံများက သက်သေမဟုတ်ပါလား။

သို့သော် ကောလဟာလများကြောင့် လူများသွေးဆူနေသည့်အချိန် အလိုခြင်ဆုံးက အမှန်တရားလား? ကျရှုံးမှူလား? ကျန်းဟောင့်အမြင်မှာတော့ အမှန်တရားဟု ဟစ်အော်နေသူ တော်တော်များများက တကယ့်အမှန်တရားထက် အနိုင်အရှုံးကို လိုချင်ကျသူများသာ။

ကျန်းဟောင့်၏ ကျရှုံးမှု...

ဆယ်စုနှစ် တစ်ခုစာ အောင်မြင်ခဲ့သည့် မင်းသားတစ်ယောက်၏ နေဝင်ချိန်ကို မြင်ချင်ကျသူများသာ။

ဝေ့ပေါ်တွင် သူ့နာမည်ခေါ်ကာ ဆဲဆိုနေကြသည့်လူများဟာ အခုမှ ကျန်းဟောင့်နာမည်ကို ကြားဖူးသူလဲဖြစ်နိုင်၏၊ မည်သူမဆို အခမဲ့ဝင်ရောက်ဆဲဆိုနိုင်သည့် စည်းဘောင်မရှိသော လောကကြီးမဟုတ်ပါလား။ ထိုလူများ လိုချင်သည်က အရှက်ကွဲမှုနှင့် ကျရှုံးခြင်းကိုသာ။ ထိုကဲ့သို့ သွေးဆူနေသည့်အချိန်၌ မိမိသက်သေများကို ကောက်ကာငင်ကာ တင်၍ ဖြေရှင်းလိုက်ပါက သက်ရောက်မှုမှာ ထိုစာတမ်းများက အတုများဖြစ်သည်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဖြစ်ပါလိမ့်မည်။

အချိန်ကောင်းဆိုတာရှိစမြဲ မသင့်တော်သောအချိန်၌ မလိုအပ်သည့် လှုပ်ရှားမှုမျိုး မလုပ်တာက အကောင်းဆုံးပင်။ လူအများစုဟာ ထိုအချိန်က ခွေးရူးလို ကျန်းဟောင့်ကို ဆွဲချဖို့ တာဆူနေခဲ့ခြင်းကြောင့် ထိုခွေးရူးများထံ အစာပစ်မကျွေးနိုင်ပါ။ ဒါဟာလည်း စိတ်ပညာကို လေ့လာခဲ့သည့် ကျောင်းသားတစ်ယောက်၏ အတွေးအခေါ်ဖြစ်ပုံပေါ်၏။

𝐘𝐨𝐮_Where stories live. Discover now