Chapter-5

1.4K 178 13
                                    

Sean Xiao and memory stick

တကယ်လို့များ အနမ်းတွေ၌ အရောင်ရှိခဲ့ရင် ဆောင်းဟန်ဘင်းနဲ့ ကျန်းဟောင့်တို့ရဲ့ အနမ်းတွေက ကြက်သွေးရင့်ရောင် ဖြစ်ပါလိမ့်မယ်။ ပြင်းပြတဲ့ ခံစားချက်တွေကြား နှစ်ယောက်၏ ဆွဲငင်မှူများ တဖြည်းဖြည်း တောက်လောင်လာသည့်အခါ အသိစိတ်ဝိဉာဉ်ခင်မျာ ပျက်တောက်သွားခဲ့ပြီ။

ဆောင်းဟန်ဘင်းရဲ့ နွေးထွေးသည့် လက်ဖဝါးတွေက ကျန်းဟောင့်ကျောပြင်တလျှောက် ချော့မြူပွတ်သပ်နေပြီး ကျန်လက်တစ်ဖက်က မေးကိုအသာထိန်းကာ အနမ်းခရီးကို ကြိုးကြိုးစားစား ရှေ့ဆက်နေလေရဲ့။

ကျန်းဟောင့်လက်ချောင်းတွေက ဟန်ဘင်းရဲ့နူးညံ့တဲ့ ဆံသားတွေကြား ဆော့ကစားနေပြီး မျက်ဝန်းကိုမှိတ်ထားရင်း အနမ်းတွေရဲ့ ငြင်သာမှုနှင့်ပြင်းထန်မှုကြား ကွာခြားချက်ကို အာရုံစိုက်ခံစားရင်း။ နူးညံ့ငြင်သာမှူတွေ ပျောက်ဆုံးသွားပြီးနောက် ဟန်ဘင်းလက်တွေက ကျန်းဟောင့်ညဝတ်အင်္ကျီအောက် ကျူးကျော်လာသည့်အခါမှ နောက်ဆုံးလက်ကျန် စိတ်ဝိဉာဉ်နှင့် ရုန်းကန်ရင်း မိမိကိုယ်ပေါ်အုပ်မိုးနေတဲ့ ဆောင်းဟန်ဘင်းကို တွန်းဖယ်လိုက်ရတော့တယ်။

"တော်တော့"

ဟန်ဘင်းနဲ့သူ့ကြားက ဆက်ဆံရေးကို ကျန်းဟောင့်တခါမှ လေးလေးနက်နက်မစဉ်းစားခဲ့ဖူးဘူး။ မစဉ်းစားနိုင်တာလား၊ မစဉ်းစားရဲတာလား၊ စဉ်းစားဖို့မလိုအပ်တာလား သူကိုယ်တိုင်လည်း မပြောတတ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေလို ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ စပွန်ဆာနှင့် ရည်းစားငယ်လေးလို့ ဆက်ဆံရေးလည်းမဟုတ်ရ။ ဟန်ဘင်းကအမြဲသူ့ကို လေးလေးစားစား ဆက်ဆံလေ့ရှိပြီး ကျန်းဟောင့် စိတ်ကို တော်တော်လေး အလိုလိုက်သည့်ထဲပါ၏။

ဖျော်ဖြေရေးလောကတွင် လုပ်ငန်းရှင်များ၏ အထောက်အပံ့ဖြင့် အသက်ရှုချောင်နေသည့် မင်းသား၊ မင်းသမီးများနှင့် ကျန်းဟောင့်အပေါင်းအသင်းလုပ်ဖူး၏။ သူခင်မင်သော တချို့သရုပ်ဆောင်များတောင်မှ အထောက်အပံ့နှင့် မကင်းရှင်း။ ဒီလောကမှာ ဒါမျိုးတွေက ပုံမှန်ဖြစ်တာကြောင့် စိမ်းသက်မနေသည့်တိုင် ဆောင်းဟန်ဘင်းနဲ့ သူ့ရဲ့ဆက်ဆံရေးကတော့ တခြားဆက်ဆံရေးများနဲ့မတူကြောင်း ကျန်းဟောင့်ခံစားမိပါသည်။

𝐘𝐨𝐮_Where stories live. Discover now