Candy in my Ears (one shot)

1.1K 122 9
                                    

Note: ဒါလေးက You_ နဲ့ဘာမှမဆိုင်ပါဘူး သက်သက် short story လေးပါ။
———

"Hello ဟမ်းဘင်း, မနက်ခင်းတိုင်း မင်းဆီက ရင်ခုန်စေတဲ့ morning call လေးကြားရဖို့မျှော်လင့်ပါတယ်"

"Hello ဟာနူးလ်, ညတိုင်း ကိုယ့်ကိုသီချင်းဆိုပြပေးလို့ရမလား"
———

Candy ဆိုတဲ့ အပ်ပလီကေးရှင်းဟာ 2022 လူငယ်တွေကြား ရေပန်းစားဆုံးပေါ့။ အထူးသဖြင့် 20 ဝန်းကျင် တက္ကသိုလ်ကျောင်းသားများအကြား။ App developers များက Seoul University, Computer Science မေဂျာက ကင်ဂယူဗင်းနဲ့ ကင်ထယ်ရယ်တို့လေ။

Candy app ရဲ့ရည်ရွယ်ချက်က လူငယ်တွေကြား ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးဖြစ်လာစေဖို့ပဲ။ လော့အင်ဝင်ပြီး ကိုယ်ရေးအချက်အလက်တွေကို သေချာဖြည့်ပြီးရင် system က ချပေးတဲ့ မေးခွန်းတွေကို ရွေးချယ်ဖြေဆိုပေးရမယ်။ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီးတာနဲ့ တပြိုင်နက် system က သင်နဲ့အသင့်တော်ဆုံး လက်တွဲဖော်ကို ရွေးချယ်ပေးမှာဖြစ်တယ်။ ရိုးရှင်းတယ်မဟုတ်လား?

Dating app တွေနဲ့ ပုံစံဆင်တူပေမဲ့ Candy app ရဲ့ထူးခြားတဲ့အချက်က ပါတနာရတာနဲ့တစ်ပြိုင်နက် နေ့စဉ်ဆောင်ရွက်ရမဲ့ mission
တွေရှိနေတာပဲ။ ထို mission တွေက ပါတနာ အချင်းချင်း ပိုရင်းနှီးအောင်ကူညီပေးမှာ ဖြစ်တဲ့အတွက်ကြောင့် relationship မှာ အတွေ့အကြုံမရှိတဲ့ လူငယ်တွေအတွက် တကယ့်ကို အဆင်ပြေစေတဲ့ အပ်ကလီကေးရှင်း တစ်ခုပေါ့။

Harvard ရဲ့ Facemash(FB) လိုမျိုး Seoul university ရဲ့ Candy app ဟာ တက္ကသိုလ်ကျောင်းသားတွေကြားမှတဆင့် အပြင်လောကကို တဖြည်းဖြည်းပျံ့နှံ့ကာ ကိုရီးယားမှာ နာမည်ကြီး app တစ်ခုဖြစ်လာခဲ့ပြီ။

>>နာမည်ပြောင်_ဟမ်းဘင်း ( @hamster_bean )

သူငယ်ချင်းဖြစ်သူ ဂယူဗင်း၏ သုံးလကြာ တိုက်တွန်းမှူကြောင့် ပထမဆုံးအကြိမ် Candy app ကို Sign up လုပ်ခဲ့ပေမဲ့ အချစ်ဆိုသည့်အရာကို နည်းပညာအကူအညီဖြင့် ရှာဖွေဖို့အတွက် old school type ဖြစ်သည့် ဟန်ဘင်းတစ်ယောက်ကတော့ မဖြစ်နိုင်ဘူးဟု ထင်နေစဲ။

တစ်ချိန်ထဲမှာပဲ မြေအောက်ရထားပေါ်ရှိ ကောင်လေးတစ်ယောက်၏ သွယ်လှတဲ့လက်ချောင်းတွေဟာ ဖုန်းမျက်နှာပြင်အထက်၌ ပြေးလွှားနေခဲ့ပြီး ပရိုဖိုင်တစ်ခုကို ဖန်တီးနေခဲ့၏။

𝐘𝐨𝐮_Where stories live. Discover now