Chapter 13

177 25 14
                                    

Unicode

ဗလာနယ်မြေထဲအညိုရောင်တွေစွန်းထင်းနေခဲ့တယ်

"အစ်ကိုထွက်မသွားပါဘူး မငိုပါနဲ့တော့"

ဝိန်း၏ရင်ခွင်ထဲတွင်ဂျီမင်းသည်လုံးလုံးလျားလျားနစ်မြုပ်နေသည်။အချိန်အတော်ကြာသည်အထိဝိန်းကသူ့ကိုလွှတ်မပေး။

အလွမ်းသယ်သည့်အရှိန်ရပ်သွားပြီဖြစ်၍အနည်းငယ်အိုးတိုးအမ်းတမ်းခံစားလာရကာရှက်ပင်ရှက်လာရသည်။
ထို့ကြောင့်သူ၏လက်ကိုမြှောက်လိုက်ကာအတင်းကာရောဖက်ထားသောဝိန်း၏လက်မောင်းကိုခပ်ဖွဖွပုတ်လိုက်သည်။ဒီအချိန်မှသာဝိန်းကသူ့ကိုလွှတ်ပေးလိုက်သည်။

"အမ် အဟမ်း..."

ဝိန်းကသူ့ကိုလွှတ်လိုက်သည့်အချိန်တွင်ဂျီမင်း၏မျက်နှာကခရမ်းချဉ်သီးတစ်လုံးကဲ့သို့ပင်နီရဲနေသည်။

"ကျွန်တော်...ကိုယ်...?"

"ရ..ရပါတယ်..အရင်ကလိုပဲဆက်ဆံပါ"

ယခုအချိန်တွင်ဂျီမင်းသည်သူ၏မျက်နှာကြီးကိုတစ်နေရာရာသို့သာသွားပြီးအပ်ထားလိုက်ချင်တော့သည်။
ဝိန်းကိုကြည့်လေ ပို၍ရှက်လာရလေပင်။

ဝီလီယမ်ကသူဆိုတာလက်ခံလိုက်ရပြီးနောက်ပိုင်းဝိန်းရဲ့အကြည့်များကယခင်ကနှင့်မတူတော့ပေ။
ချက်ချင်းဆိုသလိုချစ်ခြင်းများကပျော်ဝင်လာပြီးနူးညံ့မှုများပြည့်လျှံသွားရသည်။

အော် တတ်လည်းတတ်နိုင်ပါပေ့။

"မင်းကတကယ်ကိုပဲအစ်ကိုပေါ့လေ"

ဝိန်းကဂျီမင်း၏ပါးပြင်ကိုခပ်ဖွဖွပွတ်ကာစိုက်ကြည့်ရင်းမေးသည်။

"၂၁ရာစုကအစ်ကိုကမင်းပဲကိုး
၂၁ရာစုကအစ်ကိုကဒီလိုမျိုးလား"

"ဘာဖြစ်လို့လဲ"

"ကိုယ်နည်းနည်းတော့မကြိုက်ပေမယ့်အစ်ကိုဖြစ်နေတော့ချစ်ပါတယ်"

"ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ
ဘယ်သူကအတင်းကြိုက်ခိုင်းနေလို့လဲ"

"မင်းကရှပ်ပြာနိုင်တယ်လေ"

"မစ္စတာဝိန်း ကျွန်တော်က၂၀ရာစုတုန်းကဝီလီယမ်ပေမယ့်၂၁ရာစုမှာတော့ပတ်ဂျီမင်းပါပဲ
မစ္စတာဝိန်းကြိုက်တဲ့ပုံစံမဟုတ်ပါဘူး
ပြီးတော့မစ္စတာဝိန်းကကြိုက်တာမကြိုက်တာကိုလည်းကျွန်တော်ကဂရုမစိုက်ပါဘူး"

Two Men In One LookWhere stories live. Discover now