Chapter 3

295 48 13
                                    

Unicode

ဝီလီယမ်ရဲ့ထူးဆန်းတဲ့လူသတ်မှု

"မင်းမသိဘူး မင်းဘာမှမသိဘူး
သူ့ကိုချစ်တာတစ်ခုတည်းနဲ့တင်မင်းကစုံလုံးကန်းနေတာပဲ အသိတရားဝင်စမ်းပါ!!"

"ဝိန်းကိုငါချစ်တယ်
ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"

"ဖီးလီးယက်စ်!!"

အသံတွေ
အမှောင်ထုထဲကနေတဝီဝီကြားနေရတဲ့အသံတွေ
သူဟာအဲ့ဒီအချိန်မှာအိပ်မွေ့ချထားခံရတဲ့လူတစ်ယောက်လိုပဲ
အရာအားလုံးကမပီမသနဲ့ဝေဝါးနေတဲ့မြင်ကွင်းတွေမှတစ်ပါး၊ပဲ့တင်ရိုက်ခတ်လာတဲ့အသံတွေမှတစ်ပါးမှုန်မှိုင်းနေတယ်။

တစ်ဖန်အဲ့ဒီမှာပဲထပ်မြင်လိုက်ရတဲ့မီးခိုးရောင်တွေ။
မီးခိုးရောင်နဲ့အညိုရောင်တွေကရောထွေးယှက်နွယ်နေတယ်။

"ငါတို့ရှေ့ဆက်နိုင်မယ်လို့ထင်လို့လား"

"ဟင့်အင်း ဝိန်း
ငါတို့မဖြစ်နိုင်တော့ဘူး"

"နှုတ်ဆက်ခဲ့ပါတယ်"

ပုံရိပ်အပိုင်းအစပြတ်တစ်ခု။
မီးတိုင်ဝါးဝါးအောက်မှာလူနှစ်ယောက်ရှိတယ်။
အဲ့ဒီပုံရိပ်ကိုမြင်လိုက်ပြီးရုတ်တရက်စို့နင့်လာသလိုပဲ
ရင်ဘတ်ကိုအစိုင်အခဲတစ်ခုခုနဲ့ဖိထားသလိုမျိုး
နှလုံးကမခံမရပ်နိုင်အောင်ခုန်နေပြီးစိတ်တွေကထိန်းချုပ်မရဖြစ်လာတယ်။
သူဟာအိမ်မက်ကနေနိုးမထလာနိုင်တော့တဲ့လူလိုဒီကမ္ဘာထဲမှာပိတ်မိနေသလိုလို...

"ကျွန်တော့်ကိုချစ်သေးလားဟင်"

"မင်းကိုမချစ်ခဲ့တဲ့နေ့ရက်တစ်ရက်လေးမှတောင်မရှိခဲ့ပါဘူး"

"မဟုတ်ဘူး မင်းငါ့ကိုဒီလိုထားသွားလို့မရဘူး
မရဘူးလို့!!!"

အာခေါင်ခြစ်အော်လိုက်တဲ့အသံတစ်သံရဲ့နောက်ဆုံးမှာချွေးစီးချွေးပေါက်တွေနဲ့အတူအိပ်ရာကနေနိုးထလာရသည်။တိုင်ကပ်နာရီရဲ့တချောက်ချောက်မြည်သံကဒီနေ့မှပဲကျယ်လောင်နေသလိုလို။
အပ်ကျသံတောင်ကြားရလောက်တဲ့ဒီအခန်းထဲမှာနာရီသံကတဖြည်းဖြည်းကျယ်လောင်လာလိုက်တာများနားတွေတောင်အူလာတဲ့အထိ။
နားထင်ကြောနှစ်ဖက်ကိုနှိပ်နယ်လိုက်ကာရေတစ်ခွက်ယူပြီးသောက်လိုက်မိသည်။

Two Men In One LookWhere stories live. Discover now