Chapter 19

127 24 23
                                    

Unicode

ဝီလီယမ်၂ယောက်ဆုံကြခြင်း

ဂျီမင်း၏လက်ကိုရိုင်ယန်ကဆွဲလာကာဆပ်ကပ်ရုံ၏အပြင်သို့ရောက်လာသည်။
ဂျီမင်း၏အူကြောင်ကြောင်မျက်နှာပေးကိုရိုင်ယန်ကကြည့်လိုက်ရင်းရယ်လေသည်။

"ဘာရယ်စရာပါလို့လဲ"

"မင်းနှယ် ငါသာဆွဲမခေါ်ခဲ့ရင် အဲ့ဒီနေရာမှာဘယ်လောက်ကြာကြာများရပ်နေဦးမှာလဲ"

"ဝိန်းကိုစောင့်နေတာ"

အင်းပေါ့လေ ဝိန်းကတော့သူ့ရဲ့အစ်ကိုကိုမြင်တာနဲ့သူ့မေ့သွားတာဆိုပေမယ့်လည်း...

ရယ်မောနေသောရိုင်ယန်ရဲ့မျက်နှာကဖြတ်ခနဲတည်သွားသည်။
သူကဖီးလီးယက်စ်၏အညိုရောင်ဆံနွယ်များကိုအပေါ်သို့တင်ပေးလိုက်ရင်း...

"သောမတ်စ်ဝိန်းကိုမင်းချစ်တာမှန်ပေမယ့်ငါတစ်ခုပြောချင်တာရှိသေးတယ်"

"ဘာလဲ"

"မင်းသူ့ကိုသတိထားသင့်တယ်"

"ဘာဖြစ်လို့လဲ"

"သောမတ်စ်ဝိန်းကအမြဲတမ်းမျက်နှာဖုံးစွတ်ထားတဲ့လူတစ်ယောက်ပဲ
သူ့စိတ်ရင်းအမှန်ကိုဘယ်သူမှမသိဘူး
ဘာတွန်ကလည်းသူရောက်လာမှကိစ္စတစ်ခုပြီးတစ်ခုဖြစ်နေတာ ဒါကိုမင်းထူးဆန်းတယ်မထင်ဘူးလား"

"မထင်ပါဘူး"

ဂျီမင်းတကယ်ကိုမထင်တာဖြစ်သည်။
ဝိန်းကသူ့ကိုဆိုအမြဲနူးညံ့ခဲ့သောလူတစ်ယောက်ပေမို့ရိုင်ယန်ကဒီလိုပြောလာတော့နည်းနည်းလေးမှလက်မခံနိုင်ပါ။

"ဖီးလီးယက်စ် မင်းတကယ်ကိုဘာမှမသိဘူးပဲ"

"ဝိန်းကဘာဖြစ်လို့လဲ"

"သူ့နောက်မှာအဖွဲ့အစည်းတစ်ခုရှိတယ်
မင်းလက်ခံနိုင်မယ်မထင်ပေမယ့်မြို့တော်ဝန်ဝိန်းကဘာတွန်တစ်မြို့လုံးကိုသူ့လူတွေနဲ့လွှမ်းထားခဲ့ပြီးပြီ"

"...."

"ဖီးလီးယက်စ် မင်းမှာဆင်ခြင်တုံတရားရှိနေဦးမယ်ဆိုရင်သောမတ်စ်ဝိန်းကိုလက်လွှတ်လိုက်ဖို့ငါအကြံပေးချင်တယ်"

"ငါ..ငါ.."

ရိုင်ယန်ကသက်ပြင်းတစ်ချက်ချကာဆက်ပြောသည်။

Two Men In One LookWhere stories live. Discover now