Chapter 17

113 18 35
                                    

Unicode

ငါတကယ်ပဲကွေးသွားပြီလား

ပြတင်းပေါက်မှဖြာဆင်းလာသောနေရောင်ခြည်လေးကဂျီမင်း၏မျက်နှာထက်သို့ကလူကျီစယ်လာ၏။
ဂျီမင်းမှာထိုနေရောင်အစက်အပြောက်လေးကြောင့်တစ်ခဏလေးအတွင်းမှာပင်နိုးသွားရသည်။

သူ၏ခန္ဓာကိုယ်မှာဝိန်း၏တင်းကြပ်စွာပွေ့ဖက်ခြင်းကိုခံထားရသည့်အပြင်အစိတ်အပိုင်းတိုင်းကနာကျင်နေသည်။တစ်ယောက်အိပ်ကုတင်ပေါ်တွင်ယောကျ်ားကြီးနှစ်ယောက်ပူးကပ်ကာနေရသည့်အတွက်အဘယ်မှာမနာဘဲနေပါလိမ့်မည်နည်း။

ဤသို့နာကျင်နေသော်လည်းဂျီမင်းမှာလှုပ်လို့ကိုမရသေး။သူအနည်းငယ်ကြိုးစားကြည့်ပေမယ့်လည်းဝိန်းကတုတ်တုတ်တောင်မလှုပ်။

"ဒီလိုနဲ့အခုချိန်လူသတ်သမားရောက်လာရင်တော့နှစ်ယောက်လုံးဂန့်ပြီ"

ဂျီမင်းသည်မကျေမချမ်းဖြစ်စွာနှင့်ရေရွတ်လိုက်သည်။
မည်သည့်နည်းနှင့်မျှကြိုးစားမရသည့်နောက်ဆုံးတွင်ဂျီမင်းလက်လျှော့လိုက်ရလေတော့သည်။
ထို့ကြောင့်ဝိန်း၏ရင်ခွင်ထဲတွင်သာကွေးကောက်လျက်ငြိမ်ငြိမ်လေးသာနေလိုက်တော့သည်။

အချိန်အနည်းငယ်ကြာသောအခါဝိန်း၏မျက်လုံးများကဖြည်းဖြည်းချင်းပွင့်လာသည်။
ဝိန်းသည်နိုးလာချိန်တွင်အလွန်သက်တောင့်သက်သာရှိနေပြီးညတိုင်းနီးပါးလွတ်နေခဲ့သောသူ၏ရင်ခွင်တွင်တစ်ယောက်ယောက်ကအစားထိုးဝင်ရောက်နေသလိုခံစားလိုက်ရသည်။

အမှန်တကယ်တော့ဝိန်းသည်ဖြစ်ပျက်နေသောကိစ္စများကိုမသိသေးပေ။
သူ၏စိတ်ထဲတွင်ဖက်လို့ကောင်းနေတာပဲသိသည်။

"နိုးရင်လည်းလွှတ်...လွှတ်တော့"

ဆောင့်အောင့်ကာထွက်လာသည့်ရင်ခွင်ထဲကလေသံကြောင့်ငုံ့ကြည့်မိလိုက်တော့ဂျီမင်း၏သတ်တော့မလို ဖြတ်တော့မလိုမျက်ဝန်းတွေနဲ့ဆုံလိုက်ရသည်။
ကြက်သီးများပင်ထကာအိပ်ချင်မူးတူးဖြစ်နေသောစိတ်မှာကြက်ပျောက်ငှက်ပျောက်ပျောက်သွားသည်။

သူသိမ်းကြုံးကာဖက်ထားခဲ့သောလက်များကိုဖယ်လိုက်ပြီးသူ၏မျက်လုံးများကိုပွတ်လိုက်သည်။
ဂျီမင်းကချက်ချင်းပဲထသွားကာခြေလက်များကိုဆန့်တန်းလျက်အပျင်းကြောဆွဲလိုက်သည်။

Two Men In One LookWhere stories live. Discover now