Chapter 16

265 26 35
                                    

Unicode

မင်း ကိုယ့်ကိုချစ်လား

လန်ဒန်မြို့ကြီးဆီသို့သွားမည့်ရက်ကစောင့်မျှော်တယ်ရယ်လည်းမဟုတ်ဘဲရောက်ရှိလာခဲ့သည်။
အိမ်ထဲတွင်လည်း၂ရက်လောက်ကောင်းကောင်းအနားရပြီးသည့်အတွက်ဂျီမင်း၏အကြောများမှာအိမ်ပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက်ဆန့်တန်းပြီးသားပင်ဖြစ်တော့သည်။

"အိုး ရာသီဥတုကကောင်းလိုက်တာ"

ဘေးနားရှိဝိန်းကလည်းအထုပ်နှစ်ထုပ်ကိုတစ်ပြိုင်နက်တည်းဆွဲထားရင်းပင်ဂျီမင်း၏အဆိုပြုချက်ကိုခေါင်းငြိမ့်ခြင်းဖြင့်တုံ့ပြန်လိုက်သည်။

မကြာခင်မှာပဲစီးနင်းရမည့်ရထားလုံးကရောက်လာသည်။ဂျီမင်းကအရင်ဆုံးတက်သွားကာဝိန်းဆီမှအထုပ်နှစ်ထုပ်ကိုလက်လွှဲယူလိုက်ပြီးနေရာချထားလိုက်သည်။
ထို့နောက်တွင်တော့ဝိန်းတက်လာကာရထားလုံးသည်စတင်မောင်းနှင်လေတော့သည်။

လမ်းတစ်လျှောက်မှာတွေ့ရသမျှကစက်ရုံများ၊နေအိမ်များသာ...
ရထားရုံအနီးသို့ရောက်ခါနီးမှစိမ်းစိမ်းစိုစိုလေးများကိုတွေ့ရလေသည်။

ဝိန်းကတော့ထုံးစံအတိုင်းသတင်းစာတစ်အုပ်နှင့်ငြိမ်ချက်သားကောင်းနေပေသည်။
အပြင်ပြတင်းပေါက်ကိုငေးကြည့်ရတာဝသွားသောဂျီမင်းကဝိန်းဘက်သို့ပြန်လည်လှည့်လာပြန်သည်။

"ဝိန်း ကျွန်တော်တို့ညအိပ်အတွဲကိုယူကြမှာလား"

"အင်း"

"ဝိန်းရော ကျွန်တော်ရောဆိုနှစ်ခန်းယူရမှာပေါ့
ဒါဆိုငွေကုန်မများဘူးလား"

"အင်း"

"ကျွန်တော့်မှာပိုက်ဆံမပါဘူးနော်"

"အင်း"

"ဝိန်း!"

"အမ် ဆောရီး မင်းဘာပြောလိုက်တာလဲ"

"ရထား ညအိပ်မယ့်အခန်း"

"အော် ရတယ် ကိုယ်နှစ်ခန်းကြိုတင်မှာပြီးသား"

ဘာလဲ တစ်ခန်းတည်းမနေဘူးလား
သူငါ့ကိုကြိုက်နေတာရောဟုတ်ရဲ့လား

ဝိန်းကပြောပြီးပြီးချင်းသတင်းစာအုပ်ထဲပြန်၍ခေါင်းစိုက်သွားပြန်သည်။သူမနေနိုင်တော့၍ဝိန်းရှိရာဘက်အခြမ်းသို့ပြောင်းထိုင်လိုက်သည်။

Two Men In One LookWhere stories live. Discover now