Part-16

465 58 5
                                    

ဧည့်ခန်းဆိုဖာခုံလေးပေါ်မှာငြိမ်ငြိမ်ကုတ်ကုတ်လေးထိုင်နေသည့် ယူဂျင်းလေး။ အခုထိ ဘာစကားတို့မျှမပြော။ အနေဝေးခဲ့တော့ အစပျိုးဖို့ခက်ခဲနေသည့်ဟန်။ ရေမြေမတူလို့လားမသိ အသားအရေတွေကအရင်နဲ့မတူ နီတာရဲလေး။ ဆံပင်ရှည်နက်နက်လေးနဲ့ပေါင်းစပ်လိုက်တော့ ရှင်းရှင်းသန့်သန့်လေး။ အသက်အရွယ်ကြောင့်နေမှာ ကလေးရုပ်လေးတော့ပျောက်သွားခဲ့ပေမယ့် ဘယ်လိုလေးဖော်ညွှန်းရမှန်းမသိအောင် T shirt အဖြူ နဲ့ ဘောင်းဘီကာကီအရောင်လေးဝတ်ထားရုံနဲ့တင် တည်ကြည်ခန့်ညားနေလေသည်။

ယူဂျင်းလေးကတည်ငြိမ်နေသလောက် ကျွန်တော်ကတော့ ဂနာငြိမ်စွာ အနီးအနားပဲသွားရမလား အဝေးတစ်နေရာကပဲငေးနေရမလားဝေခွဲမရ။ ကျွန်တော်ဖြစ်ပျက်နေမှုကို မကြည့်ရက်တော့သူက ရစ်ကီ။

" ငါ ယူဂျင်းကို မနဲသွားခေါ်ထားရတာ... ငါ့ကိုလဲ ဒီကောင်လေးလုံးဝလာတွေ့တာမဟုတ်ဘူး... ဘယ်လိုတွေငြိမ်ဝပ်ပိပြားနေလဲဆိုတာ... မင်း တရုတ်ပြည်ရောက်နေပြီဆိုမှ ထွက်လိုက်လာတာသာကြည့်..."

" အာ... hyeong ရဲ့ Schdule ကိုလည်းကြည့်ဦးလေဗျာ... ကျွန်တော်အားတဲ့အချိန်နဲ့မှမကိုက်တာ... ပြီးတော့ hyeong က ခရီးပဲထွက်နေပြီးတော့... ကျွန်တော်ပဲအထီးကျန်နေခဲ့ရတာကို..."

အဖျားခတ်တုန်ယင်သွားသည့်အသံလေး...
ရစ်ကီရဲ့မကျေနပ်ချက်မှာ ပြာပြာသလဲရှင်းပြလာခဲ့သောသူ။ အခုတော့သူ့အသံလေးထွက်လာပြီ။ ကြာနေခဲ့ပြီ ဒီအသံလေးမကြားရတော့တာ။

ယူဂျင်းရဲ့ လှုပ်ရှားမှုအရာရာတိုင်းမှာ ငေးမောနေရတော့ ကျွန်တော်ထံမှ စကားတို့ကထွက်မလာ။ အလိုက်သင့်လေး စီးမြောလို့ရအောင် မြောင်းဖောက်ပေးပါသော ရစ်ကီထံမှမျက်စောင်းတဝင့်ဝင့်ကိုလဲမမြင်သာတော့။ လွမ်းခဲ့ရတဲ့နေ့ရက်တွေအတွက် အဖိုးတန်လေးဆီမှရတဲ့ ဓာတ်တွေနဲ့ နှလုံးသားတို့အားကုသနေရသေးသည်မို့။

ကျွန်တော့အကြည့်တွေမှာ အနေရခက်လာဟန်ဖြင့် ...

" အဟွတ်... အဟွတ်... ရေ ..ရေလေးရမလားဟင်"

လေထက်မြန်သောနှုန်းဖြင့် Hotel မှပေးထားသည့်ရေဘူးအားယူကာ ဖွင့်ဖောက်ပေးရင်း ယူဂျင်းခြေရင်းတွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ ရေသောက်နေသူအား ငေးမောမိပြန်တယ်။ တွေ့နေရပါလျှက်နဲ့ ထပ်ပြီးလွမ်းမိပြန်ပြီ။

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now