Part 4

421 46 0
                                    

မနက်အစောကြီး နှိုးစက်သံကြောင့် ယူဂျင်း ကပြာကယာအမြန်ထပိတ်လိုက်ရ၏...

အကုန်လုံးအိပ်နေသေးသည်အချိန်မို့ ကိုယ်ကြောင့်နိုးမသွားစေလို...

ကျောင်းမပီးသေးသည့် ယူဂျင်း အတွက် မနက်စောစော ကျောင်းသွားဖို့ရာထမည်အပြု ဘေးကုတင်မှ ကျွန်တော့ရှိရာသို့ ရောက်ချလာသည့် hyeong ကြောင့် လှုပ်ရှားမှုများရပ်တန့်သွားရသည်...

" အစောကြီးပဲ... ကျောင်းသွားမလို့လား"

လေသံတိုးတိုးဖြင့်  ယူဂျင်း အားကျောခိုင်းကာ မေးလာသည်မို့

"ဟုတ်... Dance Practice လုပ်ရမှာမို့ ... ကျွန်တော်ကျောင်းပျက်တာလည်း အရမ်းများနေလို့လေ"

Agency နဲ့ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း Dance Major ပြောင်းယူပစ်ခဲ့သည်အထိ ယူဂျင်း၏စိတ်ဓာတ်ကြံ့ခိုင်မှုက ဂယူဘင်း အတွက် ဂုဏ်ယူစရာအတိ...

အသက်ကသာငယ်တာ ဘာလေးပဲလုပ်လုပ် ကိုယ်လုပ်တဲ့အရာရာတိုင်းမှာ အကောင်းဆုံးဆိုတာတွေကိုချပြချင်သူမို့ သူများတွေထက် ပိုကြိုးစားသင်ယူတတ်တဲ့စိတ်လေးကလည်း ဂယူဘင်း အတွက်မြတ်နိုးရာ..

*************

ကျွန်တော့ ဘက်ကိုတချက်မှလှည့်မလာဘဲ နားရွက်ဖျားလေးတွေနီရဲ​သည်အထိစိတ်လှုပ်ရှားနေသည့် hyeong ကြောင့် ဂယူဘင်း ပြုံးမိသွားရသည်...

ညကကိစ္စကိုမေးချင်နေသည်ကိုသိပေမယ့် မသိချင်ယောင်ဆောင်ကာ နောက်ကနေပခုံးအားသိုင်းဖက်လိုက်တော့...

" ဟွန်း..."

ကျွန်တော့အပြုအမူကြောင့် hyeong ထံမှ ရယ်သံလေးထွက်ကျလာခဲ့ကာ ကျွန်တော့ လက်လေးတွေအား အသာအယာ ယှက်နွယ်လိုက်ပြီး ရင်ခွင်ထဲသို့မှီကျလာတော့၏...

" ကျွန်တော်နောက်ကျလိမ့်မယ်  hyeong"

ကျွန်တော့ အပြောမှာ  ချက်ချင်းဖယ်ခွါပေးလာသည့် hyeong အား ခဏတဖြုတ်မျက်ဝန်းများဆုံစေလျှက် ရေချိုးခန်းဘက်ထွက်လာခဲ့လိုက်သည်...

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now