Part-9

406 39 0
                                    

နေ့ရက်တွေ တရွေ့ရွေ့ကုန်ဆုံးသွားလိုက်တာ ဆောင်းကနေ မိုးဦးရာသီတောင်ရောက်လာခဲ့လေပြီ... ကောင်းကင်ယံအထက်တွင် လျှပ်စီးကြောင်းများကတစ်လက်လက်.... မိုးချိမ်းသံများက တဂျိမ်းဂျိမ်း ...

တဝှီးဝှီးတိုက်ခတ်နေသည့်လေတို့ကြောင့် ပြတင်းပေါက်များရဲ့ တဒိုင်းဒိုင်းရိုက်ခတ်သံများက ဆက်တိုက်ကြားနေရသည်။

မိုးတို့ကမရွာသေးပဲ အရှေ့ဆောင်တပ်သားတွေကိုအရင်စေလွှတ်ကာ ရာဇသံပေးနေသည့်အတိုင်း...

မုန်တိုင်းငယ်တစ်ခု ဖြစ်ပွါးရန်ရှိသည့်အကြောင်းကို Radio နှင့် ရုပ်မြင်သံကြားတို့မှလဲ ထပ်တလဲလဲဆက်တိုက်လွှင့်နေ၏...

ထိုအချိန်တွင်သီချင်းအသစ်အတွက် အဖွဲ့ဝင်အကုန်လုံး အက အခန်းထဲ လေ့ကျင့်နေကြပေမယ့် ယူဂျင်းတယောက်ပဲ ထိုအခန်းထဲတွင်ရှိမနေ...

ဂယူဘင်း ဟိုလိုလို ဒီလိုလိုနဲ့ အခန်းပြင်ထွက်လာပြီး ဟိုဒီလိုက်ရှာပေမယ့်မတွေ့...

" ဘယ်ရောက်နေတာလဲကွာ...."

Toilet များ သွားသလားလို့လိုက်ရှာပေမယ့်မတွေ့...

" ဒီကောင်လေး ရေချိုးနေတာတော့မဟုတ်လောက်ပါဘူးနော်...."

အကတွေ လေ့ကျင့်ထားရလို့ ချွေးတွေရွှဲနေပီဆို ယူဂျင်းက မနေတတ်ခဲ့... ဘယ်လောက်အေးအေးရေတော့ ရအောင်ချိုးတတ်သူမို့ ရေချိုးခန်းဘက် ရှာရန် ထွက်လာခဲ့လိုက်သည်...

တစ်စက်စက်ကျနေသည့် ရေပန်းအသံတို့ကြောင့် ဆက်မဝင်ဖြစ်တော့ဘဲ ခေတ္တမျှရပ်ကာ ပြန်ထွက်မည်အပြု ဖျက်ခနဲပျက်သွားသောမီး...

ပတ်ဝန်းကျင်တခုလုံး ရေစက်ကျသံကလွဲရင်အကုန်လုံးတိတ်တိတ်ဆိတ်ဆိတ်...

" ကျွတ် ဖုန်းကပါမလာပြန်ဘူး..."

မှောင်မိုက်နေသည့်အခန်းအတွင်းတွင် စမ်းတဝါးဝါးဖြင့် အိတ်ကပ်တွေထဲ ဖုန်း များ ပါလိုပါငြားစမ်းကြည့်သော်လည်းမတွေ့...

ယူဂျင်နီက အခုထိအသံမထွက်သေးပေမယ့် ရေကျသံတော့ ပိတ်သွားခဲ့လျှက် မီးများပြန်လာမလားလို့ စောင့်နေသည့်ပုံ...

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now