Part-1

1.8K 75 6
                                    

      ခမ်းနားကြီးကျယ်လှတဲ့ ဘောလုံးကွင်းကြီးထဲတွင် မီးရောင်တဖြတ်ဖြတ် Camera ရိုက်သံ တချတ်ချတ် က မရေမတွက်နိုင်ဖြစ်နေတော့သည် ။ Star Creator များရဲ့ အားပေးအော်ဟစ်သံများက စင်မြင့်အလည်တွင်ရပ်နေသည့်  မကြာခင် ကြယ်ပွင့်လေးတွေဖြစ်လာတော့မည့် မျှော်လင့်ချက် တလက်လက်နဲ့  အဖြေကိုစောင့်နေကြည့် ကောင်ငယ်လေးတွေရဲ့ အင်အားတွေ ဖြစ်နေမည်မှာအသေချာပင် ...

Top 18မှာ ပြိုင်ပွဲဝင်အကုန်လုံးက အရည်အချင်းအပြည့်အဝရှိပြီး အချစ်ခံထိုက်တဲ့လူသားလေးတွေမို့  ဘယ်သူပဲ Debut လုပ်လုပ် ပြိုင်ပွဲဝင်ကလေးတိုင်းက ကျေနပ်နေပီးသားဖြစ်၏ ...
အငြင်းအခုံမရှိဘဲ Debut လုပ်မဲ့ Top 9 ကိုပဲစိတ်ဝင်တစား ကြေငြာသူထံမှ ထွက်ကျလာမည့် နာမည်ကို မျှော်လင့်စောင့်စားနေကြ၏။

ထိုထဲမှ အသက် 19 နှစ်ကောင်လေး Kim Gyu Vin ကတော့ Debut လုပ်မဲ့ Top 9ထဲတွင်ပါလာခဲ့ပြီမို့ စိတ်သက်သာရာရပြီး အများကြီးပျော်နေခဲ့ပေမယ့် ကျန်နေသေးသည့် Debut လုပ်ခွင့်ရမရမသေချာသေးသည့် သူငယ်ချင်းတွေအတွက် ဝမ်းနည်းမှုကလည်းထိန်းချုပ်လို့မရပဲ မျက်ရည်များက စီးကျနေခဲ့ရသည်...

နောက်ဆုံး ပွဲဦးထွက် မဲ့ တယောက်သာကျန်တော့တာမို့ ဂယူဂျင်း မှာ အတ္တကြီးစွာ မျက်လုံးစုံမှိတ်ဆုတောင်းနေမိ၏ ...

* ယူဂျင်း ဖြစ်ပါစေ ယူဂျင်း နာမည်ခေါ်ပေးပါဗျာ*

ဒီလောက် ဆူညံအသံတွေပြည့်နေသည့်တိုင်အောင် ကိုယ့် နှလုံးခုန်သံကိုယ်ပြန်ကြားနေရခြင်းက ဘယ်လောက်တောင် ရင်ခုန်နေရလဲလိုဗျာ...

အစီစဉ်ကြေငြာသူထံမှ ယူဂျင်း  နာမည်လေးကြားမှ လူကပျော့ခွေသွားရတဲ့ထိ အပျော်လွန်ခဲ့တာ ကိုယ်သာအသိဆုံး ...

အိပ်ချိန်မရှိ စားချိန်ဖြစ်သလို ကျောင်းစာအပြေးအလွှားလုပ် ပြီးရင် Entertainment ကိုလည်း အကလေ့ကျင့်ဖို့အတွက် ပြေးရသေးသည့် ဘဝကနေ အရမ်းမျှော်လင့်တောင်းတခဲ့ရတဲ့ Idol ဘဝကိုနေ့ချင်းညချင်းရောက်သွားခဲ့ရသလို ကိုယ်တန်ဖိုးအထားရဆုံး အဖွဲ့ ရဲ့အငယ်ဆုံးလေး Yujin နဲ့ ရှေ့ဆက်ရမဲ့နေရက်တွေမှာ အတူတူဖြတ်သန်းရတော့မယ်ဆိုတဲ့အသိက အား.....

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now