Part-2

597 54 0
                                    

လေ့ကျင့်ရေးပြီးသွားတော့ ရေးချိုးသန့်စင်ရန်အတွက် Entertainment က ZB1 အဖွဲ့ဝင် 9 ယောက်စလုံး သီးသန့်နေထိုင်ရန် စီစဉ်နေထားသည့်အဆောက်အဦးဆီသို့ Manager ဆိုသူမှ ကားမောင်းကာလိုက်ပို့တော့၏။

ပူပူနွေးနွေးကြက်ကြော်ကိုတော့ အဆောင်ရောက်မှ ဝိုင်းစုစားရန် အကြံပြုကြသောကြောင့် လာပို့သည့် ပါဆယ်ထုတ်လေးအတိုင်း ကားအနောက်ခန်းတွင်တွဲလောင်းချိတ်ဆွဲလျှက်ပင်....

အိပ်ခန်းကလည်း တယောက်တခန်းခွဲမပေးထား 9 ယောက်စလုံးကို တခန်းတည်းအတူတူထားသည်မို့ အထူးတလည် ဟိုအခန်းဒီအခန်းကူးနေစရာမလိုခဲ့... စည်းစည်းလုံးလုံးနဲ့ပင် တနေ့တာဘဝအမောဖြေဖြစ်ကြ၏...
လျို့ဝှက်ချက်အလျင်းမရှိဘဲ တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ပွင့်လင်းမှုက ဘယ်သူပဲကြည့်ကြည့် အတိုင်းသားပေါ်လွင်စေမည်သာ...

" ကဲ ကလေးတို့ လှဲမနေကြနဲ့ အမြန်ရေချိုးကြ hyeong နဲ့  ဂွန်ဝူး ကမင်းတို့ပြီးမှချိုးမယ် "

အကြီးဆုံးဖြစ်သည့် ဂျီဝူးထံ မှ လှုံ့ဆော်လာမှုကြောင့် အသီးသီးရေးချိုးခန်းထဲ ဝင်သွားကြတော့၏... ကျွန်တော်တို့အားလုံးရဲ့ ဆိုးသမျှ ပူဆာသမျှ အမြဲအနစ်နာခံပြီး သည်းခံပေး နားထောင်ပေးအကြံဥာဏ်တွေပေး မကောင်းတဲ့ကိစ္စတခုခုလုပ်မိရင်လဲ ဆူတာမျိုးမဟုတ်ဘဲ နားဝင်အောင်သေချာပြောပြဖျောင်းဖျတတ်တဲ့ ကျွန်တော်တို့အချစ်တော်ကြီး ဂျီဝူး စကားတော့နားထောင်ကြ၏...

မိဘဆွေးမျိုးတွေနဲ့ဝေးရာမှာ နေနေကြရသူများမို့
ကျွန်တော်တို့အားကိုးရာက  ဂျီဝူး , ဟန်ဘင်းနဲ့ ဟာအို သည်သာ...

အဖွဲ့နဲ့ပက်သက်သည့် အဆိုးအကောင်းကိစ္စအကုန်လုံးကို ထိုသူ 3 ယောက်က ရှေ့ကမားမားမတ်မတ်ဖြေရှင်းပေးတတ်မြဲ...

ဂယူဘင်း အတွေးများဖြင့်ရေချိုးပီးချိန်တွေ သဘက်ပါမလာသည်ကိုသတိထားမိသွား၏...
အမြဲ ရှပ်ပြာပြာနိုင်လွန်းသည့် ကိုယ့်ခေါင်းကိုပဲထုမိတော့သည်...

" ယူဂျင်း... ရေ  ယူဂျင်း"

ကျွန်တော့ရဲ့ခွေးပေါက်လေးကိုပဲ အကူအညီတောင်းရတော့မည်...

မင်းအတွက်အရာရာ ( COMPLETE)حيث تعيش القصص. اكتشف الآن