Part 3

476 44 0
                                    

Shopping Mall ကြီးထဲတွင် ကြိတ်ကြိတ်တိုးစည်ကားနေသည့်အပြင် အော်ဟစ်ဆူညံအားပေးသံများကြောင့် ယူဂျင်း မျက်ရည်ဝဲမတတ်ကြည်နူးနေမိပြီး ဟိုကြည့်ဒီကြည့် ဖြင့် မြင်မြင်သမျှက ဆန်းကြယ်စွာ....

ဒါမျိုးပေါ့... Idol ဘဝဆိုတာမျိုးက... လူငယ်တွေအသေအလဲ ဘာလို့ကြိုးစားကြလဲဆိုတာ အထွေအထူးရှင်းပြနေစရာလို...

အဖွဲ့ဖွဲ့ပြီး ပထမဆုံး Fan Meeting ဖြစ်သောကြောင့် အတွေ့အကြုံနည်းပါးသူပီပီ တဒိန်းဒိန်းခုန်နေသည့်ရင်ခုန်သံများနှင့် အေးစက်တုန်ယင်နေသည့် လက်ဖဝါးနှစ်ဖက်အား စိတ်သက်သာလိုသက်သားငြား အားကုန်ဖိပွတ်နေမိသည်။

ထိုစဉ် နွေးထွေးစွာ ဆုပ်ကိုင်လာသည့် လက်တစ်စုံကြောင့် ယူဂျင်း နှာခေါင်းရှုံ့ပြမိတော့

" ယူဂျင်း စိတ်လှုပ်ရှားနေတာလား ..."

ထွက်သက်ဝင်သက်နီးကပ်စွာ လေသံထွက်ရုံမျှဖြင့် နား နားလေးကပ်တိုးပြောလာသည့် ဂယူဘင်း ကြောင့် ခန္တကိုယ်ကျုံ့မိသွားရ၏...

" လူတွေအများကြီး ကျွန်တော်တို့ကို လာအားပေးကြတယ်နော် hyeong"

" ဟိုးမှာတွေ့လာ ယူဂျင်း ပုံတွေ Fan တွေကိုင်ထားတာ"

hyeong လက်ညှိုးထိုးပြလာသည့်ဘက်အား ကြည့်လိုက်တော် Fan တွေရဲ့အော်သံများက စီခနဲထွက်ကြလာသည်မို့ ယူဂျင်း လက်ပြကာ ဦးညွတ်နှုတ်ဆက်မိ၏...

အားပေးသူပရိတ်သတ်တွေရှိလို့သာ.. ငါဆိုတဲ့ ယူဂျင်း ဖြစ်လာသည်မို့ တနေ့တနေ့ ပရိတ်သတ်တွေမျှော်လင့်တာထက်သာလွန်အောင် ပင်ပန်းနေပါစေဦး ကိုယ့်ကိုကိုယ် အမြဲ Update လုပ်ဖြစ်သည်...

ထိုစဉ် အကြည့်တို့က တစ်နေရာတည်းတွင်တည်ရှိပြီး  မရွေ့လျားနိုင်ဘဲ တဝဲလည်လည်ဖြစ်သွားရ၏..

ကိုယ့်မျက်နှာအား ဖြစ်ညှစ်ထားသည့် hyeong နဲ့ကျွန်တော့ပုံတွေ ထောင်လျှက် ကျွန်တော်တို့မြင်သာအောင် ထောင်ပြနေသည့် Fan များထံတွင်သာ....

ဘယ်အချိန်ကရိုက်ထားကြမှန်းကိုမသိတော့အောင် များပြားလှသည့် ကျွန်တော်တို့ပုံတွေအား တခုချင်းစီလိုက်ကြည့်နေမိသည်...

မင်းအတွက်အရာရာ ( COMPLETE)Where stories live. Discover now