14

483 69 14
                                    

"ကလေးလေးရေ ကို့ကိုစိတ်ဆိုးပြေပါကွာ'

ဆာရာတစ်ယောက်အစက‌ထယ်ယောင်း
လာချော့လို့ပြေမလိုလိုရှိနေပေမယ့် ဂျောင်ကုနဲ့
ဘန်ကောက်လိုက်သွားရမည်ဆိုတဲ့စကားကြောင့်
ပိုစိတ်ဆိုးမိသည်။

"ပြေတာမပြေတာအခုချိန်အရေးမကြီးဘူး
အစ်ကိုကသူနဲ့နှစ်ယောက်တည်းသွားမှာလေ'

"တစ်ပတ်နှစ်ပတ်ပါပဲ
ကိုခပ်မြန်မြန်ပြန်လာမှာပါ'

"......'

"နော်လို့ ဆာရာကအဲ့လိုကြီးမနေနဲ့လေကွာ
ကိုဘယ်စိတ်ဖြောင့်မလဲ သွားရတာ'

"ဒါဆိုမသွားနဲ့လေ'

"မသွားလို့မှမရတာ
ဂျောင်ကုနဲ့ကိုကရည်းစားတွေဖြစ်ခဲ့တာမို့
အခုလိုစိတ်ပူတာသိပေမယ့် အခုဂျောင်ကုက
မေ့နေတာလေကွာ'

ဆာရာ ဒီတစ်ခါအစ်ကိုထယ်ယောင်းကို
အနည်းငယ်စိတ်ပျက်မိသည်။
တစ်ခါလာလည်း မေ့တာမေ့တာဆိုတာပဲ။
ဂျွန်ဂျောင်ကုက ကင်မ်ထယ်ယောင်းကိုပဲ
ကွက်မေ့သွားတယ်တဲ့လား။
သောက်ကျိူးနည်းဟန်ဆောင်မှုကြီးလေ။
အစ်ကိုထယ်ယောင်းကသူကိုယ်တိုင်
ရိုက်ထားမိလို့ ဒီလိုဖြစ်နေတာဆိုပြီး
ယုံပေမယ့်။ဆာရာကတော့မယုံပေ။
ဒါကလုံးလုံးမဖြစ်နိုင်လို့ပေ။

"ဆာရာရေ နော်လို့'

ငြင်းလို့လည်းရမနေတာမို့ခေါင်းငြိမ့်လိုက်တော့
ထယ်ယောင်းက ဆာရာ့အားတစ်ချက်နမ်းကာ
အဆင့်တက်ဖို့ပြင်လိုက်သည်။

ဆာရာမငြင်းမိ သဘောကျသည်လေ။
အစ်ကိုထယ်ယောင်းနဲ့ပတ်သက်သမျှကို
ဆာရာကသဘောကျသည်။

*တီ တီ*

"ကျစ်'

နှစ်ယောက်လုံးစိတ်ပါနေကြတုန်း
ထယ်ယောင်းဆီက၀င်လာတဲ့ဖုန်းကြောင့်
Contact ကိုကြည့်မိတော့ဂျောင်ကုပင်။

"ဟယ်လို ဂျောင်ကုပြောလေ'

ဆာရာကတော့ဘာတွေပြောနေလဲ
နားမထောင်မိ အချိန်ကောင်းကိုဖျက်ဆီးတဲ့
ဂျောင်ကုကို ကျိန်ဆဲနေမိသည်။

အင်း ဆာရာကအရင်ကဆာရာမဟုတ်တော့ဘူး။
အစ်ကိုထယ်ယောင်းရဲ့မြတ်နိုးမှုကိုရတည်းက
အစ်ကိုထယ်ယောင်းမျက်နှာနဲ့ပဲ ဆာရာက
အသက်ရှင်သည်။ဒီလူရှိနေတယ်ဆိုတဲ့အသိနဲ့တင်ဘာကိုမှမကြောက်ပေ။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now