13

505 79 9
                                    

"ဘာတွေပြောနေတာလဲ ဆာရာ'

ထယ်ယောင်းတစ်ယောက်ဆာရာ့ဆီ
လာလည်တုန်း ရုတ်တရက်ကြီးဆာရာက
ဂျောင်ကုကအတိတ်မေ့နေတာဆိုတာ
လိမ်နေတာဆိုတာကိုကြားပြီး
ထပြောမိသည်။

"ကျွန်မအတည်ပြောနေတာ အစ်ကိုက
ဘာလို့မယုံရတာလဲ'

"ဂျောင်ကုကကို့ကြောင့်ထိခိုက်သွားတာလေ
ဆာရာရဲ့ အဲ့လိုမဟုတ်တမ်းတရားတွေ
မပြောပါနဲ့'

"မဟုတ်ဘူး အစ်ကို...'

"ဆာရာ ကိုပြောနေတယ်လေတော်ပြီလို့'

ဆာရာတစ်ယောက် ထယ်ယောင်းစိတ်တို
ချင်နေပြီဆိုတာသိတာမို့ မပြောတော့ပေ။

"ကိုတောင်းပန်ပါတယ်
အော်မိသလိုဖြစ်သွားရင်'

"မဟုတ်တာ အစ်ကို့အမှားမဟုတ်ပါဘူး'

ခနကြာတော့ထယ်ယောင်းပြန်သွားသည်။
ဆာရာလည်းပျင်းပျင်းနဲ့အနီးကမုန့်ဆိုင်မှာ
မုန့်သွားစားဖို့လမ်းကူးနေတုန်း
သူ့ဆီတန်းတန်းလာနေတဲ့ကားကိုမြင်ပြီး
လန့်ကာလမ်းမတွင်ထိုင်ချမိလိုက်သည်။

*ကျွီ*

ထိုကားကသူမကိုတိုက်မိဖို့နည်းနည်း
အလိုမှာရပ်သွားသည်။ဆာရာလန့်လန့်ဖြင့်
မတ်တပ်ရပ်ကာ ကြည့်မိတော့
ကားထဲကလူက mask တပ်ထားသည်
တစ်ကိုယ်လုံးလည်းအနက်တွေဖြင့်သာ။

ဒါပေမယ့် မျက်၀န်းတွေ...ဆာရာ့ကို
အကြည့်စူးစူးဖြင့်ကြည့်နေတဲ့ထိုမျက်၀န်း
တွေကိုဆာရာမှတ်မိသည်။
ဒါ ဂျွန်ဂျောင်ကုပဲ။

ဆာရာကြောင်ကြည့်နေတုန်း
ထိုကားကပြန်လှည့်သွားသည်။
ဆာရာခပ်မြန်မြန်ပင်ထယ်ယောင်းကို
ဖုန်းခေါ်ကြည့်တော့ထယ်ယောင်းက
အိမ်ပြန်နေတဲ့လမ်းမှာပဲဆိုလို့ ဖုန်းချကာ
ဂျောင်ကုအိမ်သို့ဆာရာခပ်မြန်မြန်
ရောက်လာခဲ့သည်။

"အစ်ကိုရေ!အစ်ကို'

ဆာရာခပ်မြန်မြန်ပင် ခြံထဲဝင်တော့
အိမ်အ၀မှာ ဂျိုးကသူ့ကိုရပ်ကာ
မသတီသလိုကြည့်နေသည်။

ဆာရာလာတော့ဖယ်ပေးသည်။
ဆာရာလည်းဂရုစိုက်မနေပဲ
ထယ်ယောင်းရှိရာသာလာလေတော့
ဇာတ်ကားတူတူကြည့်နေကြတဲ့
ဂျောင်ကုနဲ့ထယ်ယောင်း....။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now