7

546 74 9
                                    

ဂျောင်ကုကထယ်ယောင်းပြေးဖက်သည်။
ထယ်ယောင်းကတော့ဂျောင်ကုကိုမြင်ပြီး
တုန်လှုပ်သွားသည်။တစ်ကယ့်တစ်ကယ်
လမ်းခွဲမယ်သာပြောတာရယ် ထယ်ယောင်း
ဂျောင်ကုကိုကြောက်သည်။

"ကိုရောက်လာတာ
မပျော်ဘူးလား ? ထယ်'

ဖက်ထားတာတောင်ငြိမ်ကျနေတဲ့
ထယ်ယောင်းကို ဂျောင်ကုအကြည့်စူးစူးနဲ့
ကြည့်လိုက်တော့မှ ထယ်ယောင်းကပြုံးကာ။

"မဟုတ်တာချစ်သူရ
အံ့ဩသွားလို့ပါ'

ထယ်ယောင်းထိုသို့ပြောပြီးဂျောင်ကုပါးကို
တစ်ချက်နမ်းလိုက်တော့မှဂျောင်ကုက
ကျေနပ်ဟန်ပြသည်။

"ဂျိူးနဲ့အပြင်သွားတာလား ?'

"အာဟုတ်တယ် သူဌေးကင်မ်က
လေကောင်းလေသန့်ရှူချင်တယ်ဆိုလို့'

ဂျိုးတစ်ယောက်ခုနကကိစ္စတွေဘာမှမပြောမိ
သူ့ဘာသာသာဖြေရှင်းမည်လေ။

______________________________________

"ဒီမှာ'

ထယ်ယောင်း ဂျောင်ကုနဲ့အိမ်မှာကျန်ခဲ့တဲ့
အချိန် ဂျိုးတစ်ယောက် ဆာရာ့ဆီ
ရောက်လာပြီး ဘဏ်စာအုပ်တစ်ခု
ပစ်ပေးလိုက်သည်။

"ဒါက ?'

"ရှင်းပါတယ် မင်းတစ်သက်စားမကုန်တဲ့
ငွေတွေဒီဘဏ်ဘက်ထဲဖြည့်ပေးထားတယ်
မင်းဒီတိုက်ခန်းကဆင်းသွားတော့
သူဌေးအနားလည်းဘယ်တော့မှထပ်မလာနဲ့'

"ဒါကို အစ်ကိုထယ်ယောင်းသိလား'

ဂျိုးတစ်ယောက်စိတ်တိုစွာဆာရာ့လည်ပင်းအား
ညှစ်လိုက်ပြီး။

"ဒီမှာ ကျေးဇူးမကန်းပဲနေတတ်ရင်
ကောင်းမယ် သူဌေးကင်မ်မှာက ဂျွန်ဂျောင်ကုဆို
တဲ့ကောင်လေးတစ်ယောက်လုံးရှိတယ်
အဲ့တာကြောင့်မင်းသူဌေးအနားက
မြန်မြန်လစ်ပေးလိုက်တာကောင်းမယ်'

အဲ့လိုပြောပြီးလွှတ်လိုက်တော့
ဆာရာတစ်ယောက်ခေါင်းအတွင်တွင်ခါရင်း။

"မဟုတ်ဘူး အစ်ကို ကျွန်မကို
လိမ်နေတာမို့လား'

"ငါလိမ်မပြောတတ်တာမင်းသိပါတယ်
အခုချက်ချင်းဒီတိုက်ခန်းကဆင်းတော့'

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now