19

594 66 5
                                    

"အား!'

ဆာရာတစ်ယောက်အိပ်ယာကနေ
လန့်ကာနိုးလာခြင်းပင်။

"တော်သေးတယ်တစ်ကယ်မဟုတ်လို့'

ကိုယ့်ကိုကိုနှစ်သိမ့်ပေးရင်း
ဆာရာပြန်အိပ်ပေမယ့်အိပ်မပျော်တော့ပေ။
အိမ်မက်ထဲကဂျောင်ကုအကြည့်တွေက
ကြောက်ဖို့ကောင်းသည်။အမှန်ဆိုဂျောင်ကုက
ထယ်ယောင်းရည်းစားပိုရင်ဖြစ်ခဲ့တာမို့လား။
အဲ့တာကြောင့်သူ့ကိုမကြေဘူးဆို‌မကြေတာက
ဟုတ်ပေမယ့်သူနဲ့သူ့ကလေးကိုသတ်ဖို့ထိတော့
မလုပ်သင့်ဘူးမဟုတ်ပါလား။

အိမ်မက်ပါဒါကအိမ်မက်ပဲ။

အိပ်မပျော်ပဲဟိုတွေးဒီတွေးဖြင့်ဆာရာ
တစ်ယောက်မိုးလင်းခံနီးမှသာအိပ်ပျော်လေတော့သည်။

မနက်ခင်းရောက်တော့
ထယ်ယောင်းလာနှိုးတာကြောင့်ဆာရာ
တစ်ယောက်အိပ်ချင်မူးတူးနဲ့ထလာသည်။

"အိပ်ရေးမ၀လို့လား'

"ဟုတ်တယ်'

"ဘာဖြစ်လို့လဲညကအိပ်မရလို့လား'

"ဟုတ်တယ်'

"အိမ်မက်ဆိုးမက်လို့လား'

မက်တယ်လို့သာပြောရင်
ဘာမက်လဲမေးနေမယ့်ထယ်ယောင်းကြောင့်
ဆာရာတစ်ယောက်လိမ်ဖြေဖို့စဉ်းစား
လိုက်တော့သည်။

"မမက်ပါဘူး မျက်စိကြောင်တာပါ'

"အော်ဟုတ်ပါပြီ မနက်စာ
သွားစားကြမယ်'

ဒီလိုနဲ့ဆာရာနဲ့ထယ်ယောင်း
အိမ်အောက်ထပ်ဆင်းလာတော့မနက်စာ
ပြင်နေတဲ့ဂျေိုးကိုသာတွေ့သည်။

"ဂျိုး ဂျောင်ကုကော'

"အပြင်ခနထွက်သွားပါတယ်'

"မနက်အစောကြီးလား'

"ဟုတ်ပါတယ်'

တစ်ကယ်တော့ဂျောင်ကု
ဆာရာတို့ကိုမမြင်ချင်လို့အပြင်ထွက်ကာ
ဟိုတယ်တစ်ခုမှာသွားနေနေတာပင်။
ဂျောင်ကုအစီအစဉ်ကရိုးရှင်းပါတယ်
ဆာရာ့ကိုသတ်မယ် ထယ်ယောင်းကို
သူ့နားပြန်ခေါ်မယ်။

ဝိုင်နီနီတွေကိုထပ်သောက်နေတယ်။
ထယ်ယောင်းကသူဝိုင်သောက်တာမကြိုက်ဘူး
ဘာလို့ဆိုစိတ်ရှုပ်တဲ့အခါတိုင်းဝိုင်သောက်
တတ်တာကိုထယ်ယောင်းသိသည်လေ။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now