9

516 75 14
                                    

ဒီနေ့ ထယ်ယောင်းနဲ့အန်နာ တို့ရဲ့အစီအစဉ်
စမှာပင် ညနေပိုင်းမှမို့လို့ ဂျောင်ကု
ဘန်ကောက်ကသူတွေနဲ့အစည်းအဝေး
လုပ်နေတုန်း ထယ်ယောင်းမပြောမဆို
အိမ်ကထွက်လာလိုက်သည်။ သူမသိတာက
ဂျောင်ကုကပါသူ့နောက်ကလိုက်လာတာကိုပင်။

ဒီနေ့က Sunday ဖြစ်တာကြောင့်
ဆာရာတစ်ယောက် အလုပ်မသွားရမှန်း
ထယ်ယောင်းကောင်းကောင်းသိလေသည်။

"အစ်ကိုထယ်ယောင်း ထပ်ပြီး
ဘာလာလုပ်ပြန်တာလဲ'

"မနေ့ကလောနေတာနဲ့
ကိုမင်းကိုသေချာမချော့လိုက်ရဘူးမို့လား'

"မလိုပါဘူး'

ပြောပြီးပြီးချင်းဆာရာတံခါးပိတ်မလို့
လုပ်ပေမယ့်ထယ်ယောင်းက မြန်စွာပင်
တံခါးကိုပြန်ဆွဲလိုက်သည်။

"ကျေးဇူးပြုပြီး နားထောင်ပေးပါ'

မျှော်လင့်ချက်မျက်၀န်းတွေနဲ့ကြည့်နေခဲ့တဲ့
ထယ်ယောင်းကို ဆာရာမလွန်ဆန်နိုင်ခဲ့ပေ။

အနီးနားကစားသောက်ဆိုင်တစ်ခုကို
ထယ်ယောင်းနဲ့ဆာရာဆိုတဲ့မိန်းမ ၀င်သွား
တော့ဂျောင်ကုပါမသိမသာလိုက်သွားရင်း
သူတို့ဝိုင်းနားနဲ့ခပ်နီးနီးမှာကျောပေးကာ
ထိုင်ပြီးပြောတာတွေကိုနားထောင်နေလိုက်သည်။

"ဆာရာ ကို့ဆီပြန်လာခဲ့ပါ'

"ဟင့်အင်း ကျွန်မပြန်မလာနိုင်ဘူး
တောင်းပန်ပါတယ် ကျေးဇူးကြွေးတွေရှိခဲ့တာ
မှန်ပေမယ့် ဒီစကားပဲပြောနိုင်တယ်'

"ကိုတို့ချစ်လို့တောင်အတူအိပ်ခဲ့ကြ
ပြီးပြီလေ'

".....'

"ဆာရာ မင်းကိုယ့်ကိုမချစ်ဘူးလား ? ဟင်'

ထယ်ယောင်းတစ်ယောက် ဆာရာ့လက်လေး
တွေကိုကိုင်ရင်းမေးလေတော့
ဆာရာတစ်ယောက် မျက်မှာကိုတစ်ဖက်အား
လှည့်ကာ။

"ဒီအချိန်မှာဒါမျိုးတွေက အသုံးမ၀င်ဘူးလေ
အစ်ကိုထယ်ယောင်း'

"ဘာလို့အသုံးမ၀င်ရမှာလဲ ဆာရာ
သေချာပေါက်အရေးအကြီးဆုံး
စကားပဲလေဒါက'

ထယ်ယောင်းကိုင်ထားတဲ့လက်ကို
ဆာရာ ရုန်းလိုက်ရင်း။

"တော်သင့်ပြီ'

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now