The annoying vampire and me <3

792 58 1
                                    

Unicode


ရိပေါ် - "အဟမ်းး အဲ့တော့ ကောက ကျွန်တော်နဲ့ နေမယ်ပေါ့နော်"

ရိပေါ်ရဲ့ ပါးလေးတွေက နီရဲနေတယ်။ သူ ရှောင်ကျန့်ကို မျက်နှာလွှဲထားရင်း ပြောလိုက်သည်။ ရှောင်ကျန့်က သူငယ်ချင်းဖြစ်သူတွေနဲ့ လုံးထွေးသတ်ပုတ်နေရင်းကနေ သူပြောတာလည်း ကြားရော

"ဟမ်!!! ငါ မင်းကို လွမ်းနေခဲ့တာ မှန်ပေမယ့် အဲ့တာနဲ့ပဲ မင်းနဲ့အတူနေဖို့ လက်ခံတယ်ဖြစ်ရောလား၊ ငါပြောခဲ့သလိုပဲ နိုး မနေဘူး ဟွန့်"

ရှောင်ကျန့် ရိပေါ်ကို အပေါ်စီးကနေ ငုံ့ကြည့်ချင်ပေမယ့် ဟိုက သူ့ထက်ရှည်နေတာမို့ မော့ကြည့်နေရတယ်။ စိတ်ရှိလက်ရှိသာ လုပ်ရမယ်ဆိုရင်လေ သူ ရိပေါ်ခေါင်းကို ဆုပ်ကိုင်ပြီး ဒူးထောက်စမ်းလို့ အမိန့်ပေးမိမှာပဲ။ အငြင်းခံလိုက်ရတဲ့ ရိပေါ်က သက်ပြင်းဖွဖွချတယ်။ သူက တစ်ခုခုကို ပြောချင်ပေမယ့် ပြောဖို့ကိုလည်း တွန့်ဆုတ်နေမိသည်။

သူ ပြောလိုက်တာကိုကြားပြီးမှ ရှောင်ကျန့်က ဒီ့ထက်ပိုပြီးစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။

ရိပေါ် ရှောင်ကျန့်ကို ငုံ့ကြည့်လိုက်တယ်။

ရှောင်ကျန့် - " ဘာလဲ ဘာမကျေနပ်လို့လဲ"

ရှောင်ကျန့်က သူ့ကို လက်သီးထောင်ပြပြီး ရန်လိုနေသည်။ ရိပေါ် ရှောင်ကျန့်လက်ကို အုပ်ကိုင်လိုက်တယ်။ ရုတ်တရက်ဆန်လွန်းတာမို့ ရှောင်ကျန့်ဘက်က အမ် ဆိုပြီး ငြိမ်ကျသွားသည်။

ရိပေါ် - "ကျွန်တော် ပြောတာ အရင်နားထောင်ပေးလို့ရမလား"

ရိပေါ်က မျက်နှာငယ်လေးနဲ့ တောင်းဆိုလိုက်တာမို့ အကြင်နာတရားကြီးတဲ့ ရှောင်ကျန့်ခမျာ မငြင်းဆန်နိုင်ခဲ့ဘူး။ သူ ရိပေါ်ရဲ့ လက်ဝါးကြီးကြီးတွေထဲက သူ့လက်ကလေးကို ပြန်ဆွဲထုတ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

" မနေ့ကတည်းက ငါ မင်းရဲ့ သွေးကို အနံ့ခံလို့ မရဘူး။ အရသာကိုရောပဲ၊ အရင်နေ့တွေကအထိ အဆင်ပြေနေခဲ့ပေမယ့် အခုမှ ဘာထဖြစ်တာလဲဆိုတာ မသိပေမယ့် ဒါက ကောင်းတဲ့အရာမဟုတ်ဘူး ရှောင်ကျန့်။ မင်းက ငါအမှတ်ပေးထားတဲ့လူ၊ ငါအမှတ်ပေးထားတဲ့လူရဲ့ သွေးနံ့ကို အာရုံခံလို့မရတာက မင်းအတွက်ရော ငါ့အတွက်ပါ အန္တရာယ်ရှိတယ်။ ပိုဆိုးတာက... ဟူးးးး ပြောလက်စနဲ့တော့ မထူးတော့ပါဘူး။ ပြီးမှ ဒေါသထွက်ချင်တယ်ဆိုလည်း ထွက်ပါ။ ငါ့ဘက်ကပြန်ချော့ပေးမယ် ဟုတ်ပြီလား။ ကတ်သရင်းက မင်းရဲ့သွေးထုတ်ကို ယူသွားတယ် ရှောင်ကျန့်။ အဲ့တာက ငါ့အမှားဆိုပေမယ့် အကယ်လို့ သူမက မင်းကို သားကောင်အဖြစ် ဦးတည်လိုက်မယ်ဆိုရင် မင်းအသက်ရှင်ဖို့ဆိုတာ မလွယ်တော့ဘူး"

The Annoying Vampire and MeWhere stories live. Discover now