The annoying vampire and me <3

1K 100 2
                                    

unicode

"ဒီဖေ.."

ရိယွင်တစ်ယောက် ဘယ်လိုမှ မရယ်နိုင်တော့တာမို့ ရှောင်ကျန့်ကိုဆဲတော့သည်။ လူသားစားသတ္တဝါတွေနဲ့ကြုံနေရတာတောင် ဒီကောင်က ဒီလိုအရာမျိုးကို မေ့နိုင်သေးတယ်တဲ့။ သတိလက်လွတ်နေရဲလိုက်တာ။ အနံ့ကို ဖုံးလိုက်နိုင်ပေမယ့် ရိယွင်က ရှောင်ကျန့်ကို အဆောင်ရှိရာဆီ တိုက်ရိုက်ခေါ်မသွားဘူး။ တစ်ကောင်ကောင်သာလိုက်လာခဲ့ရင် ရှောင်ကျန့်ရှိတဲ့နေရာကို သိသွားပြီး စားဖို့ ချောင်းနေမှာကို စိုးရိမ်လို့ပင်။

" ငါ မင်းကို ဒီနားက တစ်နေရာမှာ ချပေးခဲ့မယ်။ အနံ့လည်းပြယ်လောက်ပြီဆိုတော့ အဆောင်ကို တိတ်တိတ်လေးသာပြန်တော့ ။ အဆင်ပြေတယ်မလား"

"မင်းကရော"

"ငါက ဟိုကောင်တွေ မျက်ခြေပျက်သွားတဲ့အထိ မင်းကိုသယ်ပြီးပြေးနေတဲ့ပုံမျိုးလုပ်နေရဦးမှာ၊ ပြီးရင် ဟိုနှစ်ကောင်ကိုလည်းသွားကူရဦးမယ်။ အခြေအနေတွေငြိမ်မှပဲ ငါတို့အားလုံးမှာ အဆောင်မှာ ပြန်တွေ့ကြမယ်"

"အင်း မင်းလည်း ဂရုစိုက်ဦး၊ နောက်ပြီး ငါ့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါကွာ"

"ကျေးဇူးတင်ရင် မင်းနှမ ငါ့ပေးလေ ယောက်ဖလောင်းရဲ့"

"ဒီခွေးသူတောင်းစားကတော့၊ ငါ့ညီမတော့ မရဘူး ငါ့လက်သီးပဲရမယ်"

ရန်ဖြစ်ရင်းနဲ့ပဲ ရိယွင်က သူ့ကို သုံးထပ်တိုက်တစ်ခုမှာ ချပေးခဲ့ပြီး ပြန်ထွက်သွားခဲ့တယ်။ ရှောင်ကျန့် ဘေးပတ်လည်ကို သေချာကြည့်ပြီးမှ တိုက်ပေါ်ကနေ ဆင်းလိုက်တယ်။ အဲ့နောက်တော့ လူတွေကြားထဲ ဝင်ရောလိုက်ပြီး အဆောင်ကို လှည့်ပြန်လာခဲ့တော့သည်။

နောက်ကနေ လိုက်လာတဲ့သူတွေမရှိတော့တာ သေချာတာမို့ စိတ်အေးလက်အေးနဲ့ လမ်းလျှောက်တဲ့ ရှောင်ကျန့်က သီချင်းလေးတောင် ငြီးနေလိုက်သေးတယ်။

" အာ့ "

သီချင်းသံလေး မပြီးဆုံးခင်မှာပဲ လည်တိုင်လေးရဲ့ နာကျင်မှုကြောင့် ရှောင်ကျန့်တစ်ယောက် သတိလစ်သွားတော့သည်။

The Annoying Vampire and MeWhere stories live. Discover now