The annoying vampire and me <3

769 53 2
                                    

Unicode


ဒီနေ့က ရှောင်ကျန့်ပထမဆုံး ကုမ္ပဏီဝင်ရမယ့်နေ့။ စောစောစီးစီး အိပ်ရာထပြီးပြင်ဆင်နေတဲ့ ရှောင်ကျန့်က တချက်တချက်လည်း ရိပေါ်ဘာများလုပ်နေမလဲဆိုပြီး တွေးနေမိတယ်။ ကိုယ့်ညီလေး ကိုယ်သတိရတာပဲဟာ။ ဟူးး။

"အားကျန့်"

"ဟောက်ကျား"

ရှောင်ကျန့် အခန်းထဲကထွက်လိုက်တာနဲ့ ဟောက်ကျားက အဆင်သင့်ရှိနေတယ်။ သူတို့ အချင်းချင်း ကြည့်ပြီးမရယ်မိအောင် ထိန်းထားရသည်။ ဘယ်လိုပြောရမလဲ။ စပ်ဖြဲဖြဲနှစ်ကောင်က အခုမှ ဆိုက်ကြီးကိုက်ကြီးနဲ့ဆိုတော့လည်း အူမြူးချင်တဲ့စိတ်ကလေးက ထကြွလာသလိုပေါ့။

ဟောက်ကျားက ရှောင်ကျန့်ကို နန်းတွင်းအပြုအမူတွေထဲက တစ်ခုပုံစံနဲ့ကြွပါဆိုပြီး စတယ်။ ရှောင်ကျန့်လည်း ဖော်လိုလိုက်တဲ့အနေနဲ့ ကျောကော့ရင်မော့ပြီးတော့ကို ‌အောက်ဆင်းလာခဲ့သည်။ တကယ်တမ်းဆို ရှောင်ကျန့်နဲ့ ဟောက်ကျားက အသက်တွေအများကြီးကွာပေမယ့် အသက်စည်းမျဉ်းအတိုင်းဆိုရင်တော့ ရွယ်တူတွေမို့ ကလေးစိတ်ကလေးတွေအတိုင်းပဲ ရှိပါသေးတယ်။

"အာ.. စကားမစပ် ၊ ငါ ရိပေါ်နဲ့တွေ့ချင်တယ် ဟောက်ကျား၊ အဲ့တာ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ သူ့ကျောင်းကို လိုက်သွားလို့ရလား"

"ကျောင်း- ကျောင်းအထိတော့ လိုက်သွားလို့မရဘူးဟ။ မင်းတွေ့ချင်တယ်ဆိုရင်တောင် သခင်လေးဘက်က တွေ့ဖို့လက်ခံမှ ရလိမ့်မယ်။ ဒီလိုလုပ်လေ ငါနဲ့ ကျန်းမုက သခင်လေးဆီ အကြောင်းကြားပေးထားလိုက်မယ်၊ သခင်လေးက တွေ့ဖို့လက်ခံတယ်ဆို သွားတွေ့ကြတာပေါ့"

"ထားလိုက်တော့၊ ကိုယ့်ညီကိုယ်တွေ့တာတောင် ကြီးကြီးကျယ်ကျယ်တွေ လုပ်ရတယ်ဆိုလည်း၊ လီးတောင် သွားမတွေ့ဘူးကွာ"

ရှောင်ကျန့် ဒေါသထွက်ထွက်နဲ့ပြောလိုက်တယ်။ သူ နှာတမှုတ်မှုတ်နဲ့ ခြေစောင့်ပြီး သုံးလေးလှမ်းလောက်လှမ်းပြီးတဲ့နောက် မျက်နှာငယ်လေးနဲ့ ပြန်လှည့်လာပြန်တယ်။

"မင်းတို့ သခင်လေးကရော ငါနဲ့ပတ်သတ်ပြီး ဘာမှမပြောဘူးလား"

The Annoying Vampire and MeWhere stories live. Discover now