The annoying vampire and me <3

956 79 1
                                    

unicode

"ရှောင်ကျန့် .. ငါတို့လည်း သွားကြရအောင်"

ရိယွင်က ရယ်နေတာကို အတောသတ်လိုက်ပြီး သူ့ကိုပြောတယ်။ ရှောင်ကျန့် ဟမ့် ခနဲ နှာမှုတ်ပြီး ရိယွင်ကို ဂရုမစိုက်ဘဲ အဆောင်ပြန်ဖို့ လုပ်လိုက်သည်။ သို့သော် ကျန်းမုက

"မင်းအတွက် အန္တရာယ်ရှိတယ်ဆိုတာငါတို့ မျိုးနွယ်ကြောင့်မဟုတ်ဘူး အားကျန့်။ မင်း ငါပြောတာ အရင်နားထောင်ပြီးမှ ငါတို့နဲ့လိုက်ခဲ့ မလိုက်ခဲ့ ဆိုတာ ဆုံးဖြတ်ပါ။ ငါတောင်းဆိုပါတယ်"

"ကျန်းမု မင်းတော်တော်လေး စကားများလာတယ် သိလား၊ အရင်လိုပဲ ပါးစပ်ပိတ်ပြီး တရားမှတ်နေလို့မရဘူးလား"

ကျန်းမု " အဲ့လိုလုပ်လို့ရရင်တော့ ငါလည်းလုပ်ချင်ပါတယ်။ နောက်ပြီး ငါ့ကိုယုံပါ၊ မင်းကို ဒီလိုပြသနာတွေထဲ မပါစေချင်ပါဘူး။ ဒါပေမယ့် မင်းက အခုလက်ရှိမှာ ငါတို့မျိုးနွယ်ရဲ့ သခင်လေးနဲ့ ပတ်သတ်မိသွားပြီမို့ ငါအရင်လိုနေလို့မရတော့ဘူး။"

ရိယွင် " ကျန်းမု မှမဟုတ်ဘူး ငါနဲ့ဟောက်ကျားလည်း အရင်လိုမျိုး မင်းကို ဆက်ဆံလို့မရတော့ဘူး။ မင်းက ငါတို့အတွက်အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပြီ၊"

ရှောင်ကျန့် သူငယ်ချင်းတွေရဲ့ အကြည့်တွေထဲကနေ လေးနက်တဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတာမို့ သူ့ဘက်ကပဲ စိတ်လျှော့ပြီး အဲ့နေရာမှာတင် ထိုင်ချလိုက်ကာ စူပုတ်ပုတ်နဲ့ ပြောလိုက်တယ်။

"ပြောကြကွာ၊"

"အင်း"

ကျန်းမု နဲ့ ရိယွင်က သူ့အနားမှာ လာထိုင်တယ်။ အရင်ကလောက်ထိတော့နီးနီးကပ်ကပ် မထိုင်ကြပေမယ့်လည်း နွေးထွေးမှုလေးကတော့ မပြောင်းလဲသေးပါဘူး။

ရိယွင် " ငါတို့ မျိုးနွယ်တွေက ဟိုခွေးမျိုးနွယ်တွေနဲ့ မတည့်ကြဘူးဆိုတာ မင်းသိတယ်မလား"

"အင်း စာအုပ်တွေထဲမှာ ပါတယ်လေ မင်းတို့မျိုးနွယ်နဲ့ သမန်းဝံပုလွေမျိုးနွယ်က ဟိုးးနှစ်ပေါင်းများစွာလောက်ကတည်းက ရန်သူတွေဆိုတာ၊ ပြီးတော့ ငါ့အမေကလည်း ဗန်ပိုင်းယားပါပဲနော် ဟမ့်"

The Annoying Vampire and MeWhere stories live. Discover now