The annoying vampire and me <3

911 80 2
                                    

unicode


ခွင့်ပြုချက် ရပြီမို့ ရှောင်ကျန့်က အရဲစွန့်ကာ ကျန်းမုတို့သုံးယောက်ဘေးကို ဝိုင်ရောပြီး ဒူးထောက်ချလိုက်တယ်။ အဲ့နောက် သူက ပြောစရာရှိတာ တန်းမပြောဘဲ ကျပ်မပြည့်တဲ့ သခင်လေးကိုလည်း လှမ်းကြည့်လိုက်သေးလေရဲ့။


"ကျန်းမုတို့ပြောပြလို့ အကြီးအကဲတို့မျိုးနွယ်ရဲ့ စည်းမျဉ်းတချို့ကို ကျွန်တော် သိပြီးပါပြီ၊ နောက်ပြီး ကျွန်တော်က သခင်လေးကိုက်တာကို ခံခဲ့ရပေမယ့်လည်း အကြီးအကဲတို့ စိတ်ပူရမယ့် လူမျိုးမဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျွန်တော့်အမေကလည်း အကြီးအကဲတို့မျိုးနွယ်ဝင်ပဲမို့ ကျွန်တော်လည်း ဗန်ပိုင်းယားတွေအကြောင်း သိသင့်သလောက်တော့ သိထားပြီးသားပါ၊ အဲ့တော့လေ ကျွန်တော် ပြောချင်တာကလေ ဒီညဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဒီညမှာပဲထားပြီးတော့ မေ့လိုက်ရအောင်လို့၊ အကြီးအကဲတို့အနေနဲ့ လူသားတစ်ယောက်ကို ခေါ်မထားချင်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်လည်း အိမ်ပြန်ပြီး အိပ်ပါတော့မယ် အကြီးအကဲလည်း စိတ်ပူစရာမလိုတော့ဘဲ သ-သခင်လေးကို ခွင့်လွှတ်ပေးလိုက်ပါတော့ဗျာ။ နော် နော် နော် အကြီးအကဲနော် "

(ရှောင်ကျန့်စကားက ရှေ့နောက်မညီဘူးနော် သူက ပြန်ချင်ဇောလောပြီး ပြောချင်ရာပြောနေတာ XD )

"ရှောင်ကျန့်..!! မင်း ဘယ်လိုတောင် ပြောနေတာလဲ၊ ဟိုက အကြီးအကဲနော် မင်းအမေမဟုတ်ဘူး၊ ချွဲမနေနဲ့"

ဟောက်ကျားက ရှောင်ကျန့်ကို နှစ်ကိုယ်တည်းကြားနိုင်လောက်တဲ့ လေတိုးသံနဲ့ ပြောတယ်။ ရှောင်ကျန့် ဟောက်ကျားကို မျက်စောင်းထိုးလိုက်ပြီး "အသာနေစမ်းပါ"


အကြီးအကဲက ရှောင်ကျန့်ပြောတာကို ကြားပြီးနောက် ထူးဆန်းစွာပဲ တိတ်ကျသွားတယ်။ တစ်ခန်းလုံးငြိမ်သက်နေတယ်။ ဒါမယ့် ဟိုကလေးလေးကတော့ ရှိုက်သံလေးတွေကို မထိန်းနိုင်တော့ဘဲ ဟင့်* ဆိုတဲ့ အသံတိုးတိုးလေးကို ထွက်ပေါ်နေစေသည်။

ရှောင်ကျန့် ဘာရယ်မဟုတ် အဲ့ကောင်လေးရဲ့ နောက်ကျောလေးကို ပုတ်ပေးချင်လိုက်တာလို့ တွေးမိရုံရှိတယ် ထိုကောင်လေးက သူ့ကို မျက်ထောင့်နီကြီးနဲ့ လှည့်ကြည့်လာသည်။

The Annoying Vampire and MeWhere stories live. Discover now